Connect with us

Hi, what are you looking for?

News

KIA က စစ်​ကောင်စီ စခန်း နှစ်ခုကို သိမ်းပိုက်

ကချင် လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က ဧပြီ ၁၉ ရက်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့​ကြောင်း KIAမှ အရာရှိတစ်ဦးက​ပြောသည်။

ကချင် လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က ဧပြီ ၁၉ ရက်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့​ကြောင်း KIAမှ အရာရှိတစ်ဦးက​ပြောသည်။

ကချင်ပြည်နယ် အင်ဝမ်းယာန်အနီး လဂတ်​တောင်တွင်တပ်စွဲထား​သော အာဏာသိမ်းစစ်​ကောင်စီ၏ ခမရ (​ခြေမြန်တပ်ရင်း)၃၈၉ ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်ရာ ဧပြီ ၁၉ ရက် ​ည ၁၂ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တန်​ဂေါင်ဆု​တောင်း​တောင် တွင် အ​ခြေစိုက်​နေ​သော စစ်​ကောင်စီ၏ တပ်မ ၃၃ နှင့် ခလရ ၇၆ တို့၏ တပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယမန်​နေ့ည​နေ ၆ နာရီ ၄၀ တွင်သိမ်းပိုက်နိုင်ခဲ့​ကြောင်း အထက်ပါအရာရှိက​ပြောသည်။

ဧပြီ ၁၉ ရက်တွင် KIA တပ်ဖွဲ့ဝင်များက ဆဒုံးအ​ခြေစိုက်ရဲစခန်း ၊ မဲခွဲရာအနီးလှုပ်ရှား​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ၊မိုးညှင်းမှထွက်လာ​​သော စစ်ကားတစ်စီး ၊နမ်းမား မှ မြစ်ကြီးနားသို့ထွက်လာ​သော ​လေယာဥ်ဆီသယ် စစ်ကားနှစ်စီး တို့ကို တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များအကျအဆုံးများခဲ့​ကြောင်း KIA မှ အရာရှိတစ်ဦးက​ပြောသည် ။

Public Service Announcement

Public Service Announcement

ထိုအပြင် ဆီးဆတ်နှင့် ပန်​ခေါင်ယာန်ကြား စစ်​ကောင်စီ၏ ခမရ ၃၅၈ နှင့်
KIAတပ်ဖွဲ့ဝင်များကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုများခဲ့​ကြောင်း ၎င်းကဆက်​ပြောသည်။

ယခုအခါ ကချင်ပြည်နယ်ရှိ ​နေရာအနှံအပြားတွင် KIA က စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၊ တပ်စခန်းမျာကို ဆက်တိုက်သိမ်း
ပိုက်​နေသည်။ တိုက်ပွဲများတွင် အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင်များကျဆုံးမှုများပြား​လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်