Connect with us

Hi, what are you looking for?

သတင်း

ABSDFချင်းတွင်းဒေသ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်၊ ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

ဇန်နဝါရီ ၁၄ရက်က ကျင်းပခဲ့သည့် အဆိုပါ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၏ ချင်းတွင်းဒေသအခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကိုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ABSDFက ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ရက်က ကျင်းပခဲ့သည့် အဆိုပါ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ – ABSDF)

ABSDFသည် ၁၉၈၈ လူထုအရေးတော်ပုံ ကာလကစတင်ပြီး တော်လှန်ရေးတာဝန်ကို မဆုတ်မနစ် ထမ်းပို့းခဲ့၍ မြန်မာပြည်သူများ၊ လူငယ်များက လေးစားမှု ၊ ယုံကြည်မှု ထားရှိသကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အရေးတော်ပုံ အပြီးသတ်အောင်ပွဲခံသည့်အထိ တော်လှန်ရေးညီနောင် အင်အား စုများနှင့် လက်တွဲပြီးရှေ့ဆောင်ပါဝင်ရန်လည်း ပြည်သူအားလုံးက မျှော်လင့်ကြကြောင်း သဝဏ်လွှာ ၌ ဖော်ပြထားသည်။

ABSDF နှင့် ၂၀၂၁နွေဦးတော်လှန်ရေးမျိုးဆက် သစ် လူငယ်များဖြင့် တည်ထောင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော် PDFသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး တော်လှန်ရေး အလံတော် တစ်လက်တည်းကို ကိုင်ဆောင်ကြသူချင်းလည်းဖြစ်၍ ABSDFနှင့် PDFသည် ညီရင်းအကို တော်လှန်ရေးအင်အားစုနှစ်ခုဟုဆိုနိုင် ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများ ပေါင်းစည်းမိသည့်အခါတွင် အားကောင်းသည့် တော်လှန်ရေးအနေဖြင့် လူသတ် အကြမ်းဖက်စစ်အာဏာရှင်များကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ယုံကြည်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

ABSDFသည် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း တပ်ဖွဲ့များရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။