Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးဒေသ၌သုံးရက်အတွင်းစစ်ကောင်စီတပ်ပစ်မှတ် လေး​နေရာကို PDFများကဒရုန်းဖြင့်တိုက်ခိုက်

ဇန်နဝါရီ၁၅ရက် နံနက် ၉နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

(ပဲခူးတိုင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓါတ်ပုံ-BRPDF)
(ပဲခူးတိုင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓါတ်ပုံ-BRPDF)

▪️စစ်ကောင်စီတပ်မှ ရှစ်ဦးနှင့် ပျူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ လေးခုကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း (၃၇၀၂) ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီ ၁၃ရက်မှ ၁၅ရက်နေ့အတွင်း တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDFက အသိပေးထုတ်ပြန်ထားသည်။

“မဟာမိတ်အဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် PDFတပ်ရင်း (၃၇၀၂)ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်(၄)ခုအား ဒရုန်းဖြင့်(၈)ကြိမ်၊ တပ်ခွဲ၁က မိုင်းခွဲမှု(၁)ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးနှင့် ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ထောက်ပို့တံတား(၁)ခု ပျက်စီးခဲ့သည်” ဟု ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

တိုက်ခိုက်ခဲ့သည့်နေရာများမှာဇန်နဝါရီ ၁၅ရက်ကကျောက်ကြီး မြို့နယ် နောင်ကုန်းရွာနှင့် လယ်ဝိုင်းကြီးရွာသစ်၊ဇန်နဝါရီ ၁၃ရက်တွင် ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ် ဘုံသတောတံတား၊ ဇန်နဝါရီ ၁၄ရက်တွင် ဘုံသတောတံတားလာပြင်သည့် စစ်ကောင်စီတပ်တို့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟုအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

ဇန်နဝါရီ၁၅ရက် နံနက် ၉နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင်လည်း လယ်ဝိုင်းကြီးရွာသစ်ရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီတပ်၏ သေဆုံးထိခိုက်အခြေအနေကို ဆက်လည်အတည်ပြုနေသည်ဟု ဖော်ပြသည်။

ဇန်နဝါရီ၁၃ရက် နံနက်က ကျောက်ကြီး- နတ်သံကွင်း လမ်းပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးနှင့် ပျူ‌စောထီး နှစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တံတားအားလာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၄ရက်တွင် ဒရုန်းဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ် ဦးသေဆုံးခဲ့ပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

PDF တပ်ရင်း (၃၇၀၂)၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ (၁)က ပဲနွယ်ကုန်း-နတ်သံကွင်း လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့အသုံးပြုနေသော နရွဲပင်တံတားကိုလည်း ဇန်နဝါရီ ၁၄ရက် ညနေပိုင်း၌ ဖောက်ခွဲဖျက်စီးခဲ့သည်ဟု အ​ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သပ်၍ ပဲခူးတိုင်းPDF သို့ဆက်သွယ်​မေးမြန်းရန်People’s Spring ကကြိုးစား​​​သော်လည်းဆက်သွယ်မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။