Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သားငါးဦးသေဟု ZERO ပြောက်ကျားတပ်ဖွဲ့ပြော

စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ထွက်လာသည့် ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားငါးဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကားပေါ်မှာ အင်အား ၃၀လောက်ပါတယ်။ကြိုတင်သတင်းရလို့ စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့တာ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲခံရသည့် စစ်ကားမှာ ပျက်စီးသွားပြီးဆက် လက်မောင်းနှင်နိုင်ခြင်းမရှိဘဲ ခြေတော်ရာတပ်ထဲသို့ ဆွဲယူသွားရသည်ကိုလည်း ထောက်လှမ်းနိုင်ခဲ့သည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်က အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် သရဲနီအဖွဲ့တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။