Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင် ပြည်သူများ သတိပေးချက်လိုက်နာမှုအားနည်း၍ နှစ်လအတွင်းမစ်ရှင်ရှစ်ခု ဖျက်သိမ်းခဲ့ရဟု ပကဖ ပြော

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား​ခြင်းဖြစ်သည်။

မင်းလှမြို့ ယနေ့မြင်ကွင်းအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
မင်းလှမြို့ ယနေ့မြင်ကွင်းအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

မင်းလှမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတိပေးချက်ကို ဒေသခံများက လိုက်နာမှုအားနည်းသောကြောင့် နှစ်လအတွင်း စစ်ကောင်စီအားတိုက်ခိုက်မည့် မစ်ရှင်ရှစ်ခု ဖျက်သိမ်းခဲ့ရကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား​ခြင်းဖြစ်သည်။

“တပ်တွင်းဖရဲသီးက အတိအကျသတင်းပေးလို့ ပစ်မှတ်ကိုပြင်ပြီးနေပြီ။ အကောင်ကြီးကြီးတွေလည်းပါတယ်။ ပစ်မှတ်ထဲရောက်လို့ ပစ်တော့မယ့်ဆဲဆဲမှာ ပြည်သူတွေဝင်လာလို့ နောက်ကြောင်းပြန်လှည့်ခဲ့ရတာတွေရှိတယ်။ တခါကဆို ရဲစခန်းကို ဝိုင်းပြီးပြီ။ကျွန်တော်တို့ ပစ်သိမ်းသိမ်းဖို့ စီစဥ်ပြီးသား။ ပြည်သူတွေရောက်လာလို့၊ ကလေးတွေလည်းပါတယ်ဆိုတော့ မပစ်ရဘဲ နောက်ပြန်ဆုတ်ရတာတွေ။ ကျွန်တော်တို့ပစ်ရင် ပြည်သူတွေထိမှာစိုးလို့ လက်ရှောင်ခဲ့ရတယ်”ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရန်ကြီးအောင်ကပြောသည်။

ထို့အပြင် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများ၊ ယာဥ်တန်းများနှင့် ဝေးဝေးနေကြရန် တပ်ဖွဲ့ page မှ တစ်ဆင့်ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများသည် လိုက်နာမှုအားနည်းသလို ကျေးလက်များအထိ သတင်းပျံ့နှံ့စွာရောက်ရှိရန်အခက်အခဲလည်းရှိနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” သတင်းမပျံ့နှံ့တာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကလည်း လက်ရှိအခြေအနေကို နားလည်းရပါမယ်။ ကျွန်တော်တို့ နှစ်လအတွင်း မစ်ရှင်ရှစ်ခု ဖျက်ခဲ့ရပါတယ်။အချိန်ရော ငွေကြေးရော ကုန်တယ်။ မစ်ရှင်တစ်ခုကို အနည်းဆုံး ၁၅သိန်း သိန်း၂၀ရှိပါတယ်။ ပြည်သူတွေ ဒေသတွင်းသတင်းတွေကို ပို အာရုံစိုက်ပေးပါ။ ကျွန်တော်တို့ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်”ဟု ရဲဘော်ရန်ကြီးအောင်ကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာနှင့် လက်ရှိ ဇန်နဝါရီအတွင်း စစ်ကောင်စီအားတိုက်ခိုက်ရန်ပြင်ဆင်ထားသည့် မစ်ရှင် ရှစ်ခုကိုဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

မင်းလှမြို့ပေါ်တွင်နေထိုင်သော လူငယ်တစ်ဦးက ” ပြည်သူအချို့က ထုတ်ပြန်ချက်တွေကို မလိုက်နာဘူးဗျ။ မသိသလိုနေကြတယ်။ PDF တွေကလည်း ပြည်သူကိုငဲ့တာများနေတယ်လို့ ကျွန်တော်ထင်တယ်။ စစ်ကောင်စီကလည်း ဒါကိုအသုံးချပြီး ပြည်သူတွေနဲ့ရောနှောသွားလာနေတယ်”ဟု ပြောသည်။

မင်းလှမြို့ဟု လူသိများသော အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးကာ ၆ဦးဒဏ်ရာရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မင်းလှနယ်ကို အရပ်ဝတ်ဖြင့် PDF ဟန်ဆောင်ပြီး စစ်ကြောင်းထိုးလာနိုင်၍ ပြည်သူများ အသွားအလာသတိပြုကြရန်နှင့် မသင်္ကာဖွယ်ရာမှန်သမျှကို PDF ရဲဘော်များထံသတင်းပေးပို့ကြရန် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook