Connect with us

Hi, what are you looking for?

News

မိုးရွာသွန်းမှု​ကြောင့် ပုဂံ​ရှေး​ဟောင်းမြို့ရှိ ဆင်ကဘုရား​စောင်းတန်းပြိုကျ

ပုဂံမြို့သစ် ကျန်စစ်သားနယ်​မြေ ​ရွှေ​လောင်းရပ် ကွက်ရှိ ဆင်ကဘုရား၏ အ​နောက်​တောင်​ထောင့်​စောင်းတန်းပြိုကျခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကိုဆော် (ပုဂံ)

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ်(၁၀၄၂)’ဆင်ကဘုရား’ ၏ ​စောင်းတန်းပြိုကျမှု ယ​နေ့နံနက်က ဖြစ်ပွားခဲ့သည်။

ပုဂံမြို့သစ် ကျန်စစ်သားနယ်​မြေ ​ရွှေ​လောင်းရပ် ကွက်ရှိ ဆင်ကဘုရား၏ အ​နောက်​တောင်​ထောင့်​စောင်းတန်းပြိုကျခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – ကိုဆော် (ပုဂံ)

ယခုရက်ပိုင်းအတွင် ပုဂံရှေးဟောင်းနယ်မြေတွင် မိုးကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် ​စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်​ပေါ်​နေသည်။

ဓာတ်ပုံ – ကိုဆော် (ပုဂံ)

ပြီးခဲ့သည့် သြဂုတ် ၃၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား၏ တောင်ဘက်နံရံပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၁၆ သြဂုတ်၂၄ရက်က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ဒဏ်​ကြောင့် ​ရှေး​ဟောင်းပုဂံ​ဒေသရှိ ​စေတီပုထိုး ၃၈၉ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ခံရပြီး​နောက်တွင် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပါက ​ပုဂံ​ဒေသရှိ စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှု နှစ်စဥ်ဖြစ်​ပေါ်​နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။