Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် နတ်အင်းရွာရှိ စစ်အုပ်စုအား လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီးတော်လှန်ရေးအင်အားစုရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ကန့်ဘလူမြို့နယ်၊ မှော်တောရွာ၌ စစ်အုပ်စုက ပျူများအား သင်တန်းပေးနေစဥ်၊ ဓာတ်ပုံ-Cj
ကန့်ဘလူမြို့နယ်၊ မှော်တောရွာ၌ စစ်အုပ်စုက ပျူများအား သင်တန်းပေးနေစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်း​ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ယမန်နေ့ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ည ၈နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာတွင် အထိုင်ချထားသောနေရာနှင့် ကင်းချထားသော နေရာအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူများအား (၆၀)မမ လေးလုံး ၊ (၁၂၀)မမ သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းKanbalu Underground Warriors က အသိပေးသည်။

စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီးတော်လှန်ရေးအင်အားစုရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Kanbalu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ ၊ ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Kanbalu Underground Warriors အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကန့်ဘလူမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက် ညပိုင်းကလည်း ဇာဒီကျေးရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူများကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ဇန်နဝါရီ ၁၇ ရက်ကလည်း ညောင်ဇင်လေး (အနောက်) ရွာ၊ ယောကျေးရွာတို့ရှိ စစ်ကောင်စီတပ်များအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။