Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြော

ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြားအလပ်မရှိ ကျင်းပမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က မနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ကြွေးကြော်ပါသေးတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ဓာတ်ပုံ − AP)
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ဓာတ်ပုံ − AP)

ဘယ်လိုအခြေအနေပဲဖြစ်စေ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က အာဏာသိမ်းကာလ ၂ နှစ်ပြည့်ခါနီးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ထပ်ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြားအလပ်မရှိ ကျင်းပမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က မနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ကြွေးကြော်ပါသေးတယ်။

ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့် ပါတီတွေအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်တဲ့ဥပဒေကိုလည်း အသစ်ရေးဆွဲထုတ်ပြန်ဖို့ရှိပြီး အဲဒီဥပဒေ ထဲမှာ ဘယ်အချက်တွေထည့်သွင်းထားတယ်ဆိုတာကို စစ်ကောင်စီက ခေါင်းဆောင်က ထည့်မပြောပါဘူး။

ရွေးကောက်ပွဲမှာ မဲပေးတဲ့ သူတွေခြိမ်းခြောက်မှုမရှိဖို့၊ လွတ်လွတ်လပ်လပ်မဲပေးနိုင်ဖို့ကိုလည်း ဦးတည်ဆောင်ရွက်ရမယ်လို့ အစည်းအဝေးတက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ကောင်စီခေါင်းဆောင်က မှာသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လထဲမှာ ကျင်းပမယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားပါတယ်။ အဲဒီရွေးကောက်ပွဲအတွက် မြေပြင်မှာလည်း လူဦးရေ ကောက်ယူတာတွေ လုပ်နေပါတယ်။

NUG အစိုးရ ၊တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီးအဖွဲ့အချို့ နဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်ခံပါဘူး။

စစ်ကောင်စီရွေးကောက်ပွဲဟာ စစ်အာဏာရှင်သက်ဆိုးရှည်မယ့်အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ဘက်စုံအကျပ်အတည်းကြုံနေတဲ့ စစ်ကောင်စီအတွက် နိုင်ငံရေးအရ ထွက်ပေါက်သာ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြောထားကြပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိမှာဖြစ်တဲ့အတွက် အသိအမှတ်မပြုဘူးလို့ အမေရိကန်အစိုးရကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ထပ်လောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။