Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် ရွေးကောက်ပွဲပြင်နေသည့် ထွေအုပ်ရုံးအား လက်ပစ်ဗုံးဖြင့်ထု

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

(စစ်အုပ်စုအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့်မိုင်းဆင်ထားသောဆိုင်ကယ်၊ ဓာတ်ပုံ - လင်းယုန်နီ)
(စစ်အုပ်စုအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့်မိုင်းဆင်ထားသောဆိုင်ကယ်၊ ဓာတ်ပုံ - လင်းယုန်နီ)

ရုံးရှေ့ထွက်လာသည့်စစ်အုပ်စုကို ဆိုင်ကယ်မိုင်းတပ်ကာ ထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီအဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့်ထုပြီး ရုံးရှေ့ထွ​က်လာသူများပါ ရှေ့ထွက်မိုင်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ(ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ဗုံးပစ်ခံရ၍ ထွက်လာသည့် စစ်ကောင်စီအုပ်စုဝင်များကို ဆိုင်ကယ်တပ်ဆင်ထားသော ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း ဗိုလ်လင်းယုန်က ပြောသည်။

“သူတို့ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်မိုင်းနဲ့ အရင်ပစ်ပြီး မျှားခေါ်ခဲ့တယ်။ မျှားခေါ်ပြီးမှ အဆင်သင့်ပြင်ထားတဲ့ဆိုင်ကယ်ထဲမှာထည့်ထားတဲ့မိုင်းနဲ့ သူတိုထွက်အလာမှာ ရမု(အဝေးထိန်းခလုတ်)နဲ့ လှမ်းခွဲတာ။ သုံးယောက်ပြင်းပြင်းထန်ထန်ထိတယ်လို့ကြားတယ်ဗျ။ အတိအကျတော့ မသိသေးဘူး။”ဟု လင်းယုန်နီ(ကန့်ဘလူ) တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ကြပါရန်နှင့် ထိုသို့ ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးကိုမဆို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းယုန်နီ(ကန့်ဘလူ)က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။