Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက် စသောကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ယခုရက်ပိုင်းထဲ ဝင်ရောက်လာနေကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ
ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအတွင်း စစ်တပ်က ယခုရက်ပိုင်း စစ်ဆင်ရေးဝင်ရောက်ဆောင်ရွက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူလူထုအများအပြား တိမ်းရှောင်ထွက်ပြေးနေရသည်။

ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက် စသောကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ယခုရက်ပိုင်းထဲ ဝင်ရောက်လာနေကြောင်း ဒေသခံများက ပြောသည်။

ရွာသူ၊ ရွာသားများအား ကျေးရွာအတွင်းမှ ထွက်ခွာရန် ပြောဆိုမှုများရှိနေကာ ကျုံဒိုးမြို့တွင်းမှနေ၍ ယင်းကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ဆိုသလို လုပ်ဆောင်နေလျက်ရှိသည်ဟုဆိုသည်။

” အသံတွေကြားနေရတာ ညကနေ အခုထိပဲ။ ရွာကမ်းနားပိုင်းမှာ စစ်သားတွေပြည့်နေပါတယ်” ကမ်းနီကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ဇန်နဝါရီလ(၂၃)ရက်က ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ
ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေဖြစ်သော ကျုံဒိုးမြို့နယ် ကော့ဘိန်းကျေးရွာတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကျေးရွာအတွင်းရှိ နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ရာ စစ်ရေးအခြေအနေပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်မှ ယင်းကျေးနယ်များအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားလာခဲ့သည်။

Public Service Announcement
Public Service Announcement

ယခုလို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့်အတွက် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာမှာစိုးရိမ်နေသည့်အတွက် ကျုံဒိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။