Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် ရွာမီးရှို့သွားသည်ကို မီးငြှိမ်းသတ်သည့်တော်လှန်ရေးရဲဘော်များ စစ်အုပ်စုကင်းပုန်းတိုး၍ ရဲဘော် ၆ဦးကျဆုံး

ဇန်နဝါရီ၂၀ရက်မှ ၂၆ရက်အထိ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုတ်ပွဲ၌ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး၍ ငါးဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊ PDFဘက်က ကျဆုံး ၆ ဦးအပြင် နှစ်ဦးဖမ်းခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း PAFD တာဝန်ခံက ပြောသည်။

(ဝက်လက်မြို့ပေါ်တွင် တွေ့ရသည့် PDF ရဲဘော် တစ်ဦး)
(ဝက်လက်မြို့ပေါ်တွင် တွေ့ရသည့် PDF ရဲဘော် တစ်ဦး)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့သွားသည့်ကျေးရွာကို မီးဝင်ငြှိမ်းသတ်သည့် တော်လှန်ရေးရဲဘော်များ စစ်အုပ်စုနှင့်တိုး၍ ပစ်ခတ်မှုဖြစ်ရာ ရဲဘော် ၆ဦး ကျဆုံးခဲ့ရကြောင်း People’s Army to Fight Dictatorship သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၅ရက်က ဝက်လက်မြို့နယ်၊ မူးကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် PDF ရဲဘော်များက မီး​ငြှိမ်းသတ် ရန်ဝင်ရောက်စဥ် စစ်အုပ်စု ကင်းပုန်းနှင့်တိုး၍ PAFDတပ်ခွဲ ဗိုလ်လှိုင်ဘွားဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၆ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PAFD တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“တပ်ခွဲတစ်ခုကနေ ဝက်လက်မြို့ပေါ်မှာ အထိုင် ချနေတဲ့အချိန် ဒီကောင်တွေက မြို့ပေါ်ကို ပြန်ဝင် လာနိုင်ချေမရှိတဲ့အခါမှာ ရွာစဥ်တွေကို စစ်ကြောင်းထိုးတယ်။ အဲဒီမှာ မူးကြီးရွာဘက်ကို မီးဝင်ရှို့တယ်။ သူတို့ထွက်သွားပြီဆိုတဲ့ သတင်းရလို့ ကျွန်တော်တို့ဘက်က တပ်စိတ်တစ်စိတ်က မီးလာငြှိမ်းဖို့ပြင်တာ။ အဲဒီအချိန်မှာ ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ကြတာ။ သူတို့ဘက်ကတော့ တစ်ယောက် ကျတယ်”ဟု PAFD တာဝန်ခံက ပြောသည်။

ဇန်နဝါရီ၂၀ရက်မှ ၂၆ရက်အထိ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုတ်ပွဲ၌ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး၍ ငါးဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊ PDFဘက်က ကျဆုံး ၆ ဦးအပြင် နှစ်ဦးဖမ်းခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း PAFD တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို PAFDနှင့် PAFDတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊တပ်စိပ်(၁)ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့တပ်စိပ်(၃) ဇာမဏီအဖွဲ့တပ်စိပ်(၄) ငရဲမီးအဖွဲ့နှင့် PAFDတပ်ခွဲ DKPDF-MMU စသည့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်