Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

မုံရွာ - ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်
မုံရွာ - ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – ဘုတလင်လမ်းပိုင်းတွင် လေးလကြိုတင်ခင်းထားသည့် မိုင်းများဖြင့် စစ်ကောင်စီယာဥ်အားတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ရက်)နံနက် ၈နာရီခွဲခန့်က ကံသစ်ကျေးရွာမှ မုံရွာ(နမခ)သို့ပြန်လာသည့် စစ်ကောင်စီယာဥ်အား ဇီးတောကျေးရွာနှင့် ထနောင်းကုန်းကျေးရွာကြား၌ မိုင်း ၁၀လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတပ်တော် ကလည်း လက်နက်ငယ်များဖြင့် ကာပစ်ပေးခဲ့ကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

မြို့နယ်(ပကဖ)ကလည်း လက်နက်ကြီးများဖြင့် ကာပစ်ပေးခြင်းကြောင့် ပြောက်ကျားတပ်သားများ အထိအခိုက်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းများသည် Chindwin Brothers PDF၊ ချိုမိုင်မိုင်တပ်ဖွဲ့နှင့် Anonymous Heros အဖွဲ့တို့က လွန်ခဲ့သော လေးလခန့်ကတည်းက မုံရွာ-ဘုတလင် လမ်းပိုင်းတွင် ခင်းထားခဲ့ပြီး ရက်ရှည်စောင့်ဆိုင်းခဲ့​ကြောင်း၊ ထိုမိုင်းကွင်းအား Anonymous Heros အဖွဲ့က မိုင်းကွင်းထပ်မံပြုလုပ်ပြီး ဆက်လက်တာဝန်ယူစောင့်ဆိုင်းခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...