Connect with us

Hi, what are you looking for?

News

မကွေး၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များမှ Mytel တာဝါတိုင်များကို ဖျက်ဆီး

စက်တင်ဘာ ၁၁ရက် ည ၉နာရီခန့်က နတ်မောက်မြို့နယ် သမုန်းကုန်းကြီးကျေးရွာ အလယ်ပိုင်းရှိ Mytel တာဝါတိုင်နှင့် သပွတ်ပင်ကျေးရွာ အရှေ့ဘက်ရှိ Mytel တာဝါတိုင် ကို ဗုံးဖြင့် တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

မကွေးတိုင်းရှိ မကွေး၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များရှိ Mytel တာဝါတိုင် ​လေးခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖျက်ဆီးခဲ့သည်။

နတ်မောက်မြို့နယ် သမုန်းကုန်းကြီးရွာနှင့် သပွတ်ပင်ရွာမှ Mytel တာဝါတိုင်များကို စက်တင်ဘာ ၁၁ရက် ညပိုင်းက ဖျက်ဆီးခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းကျေးရွာ နှင့် မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်ရှိ Mytel တာဝါတိုင်များကို ယနေ့ နံနက်တွင် ဖျက်ဆီးခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ကဆိုသည်။

စက်တင်ဘာ ၁၁ရက် ည ၉နာရီခန့်က နတ်မောက်မြို့နယ် သမုန်းကုန်းကြီးကျေးရွာ အလယ်ပိုင်းရှိ Mytel တာဝါတိုင်နှင့် သပွတ်ပင်ကျေးရွာ အရှေ့ဘက်ရှိ Mytel တာဝါတိုင် ကို ဗုံးဖြင့် တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တောင်တွင်းကြီး မြို့နယ် ကုက္ကိုလ်ကုန်းကျေးရွာ အုပ်စုရှိ Mytel တာဝါတိုင်ကိုလည်း ယနေ့ စက်တင်ဘာ ၁၂ရက် နံနက်ပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပြီး မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်ရှိ Mytel တာဝါတိုင်တခုလည်း ယနေ့မနက်ပိုင်း၌ ဖျက်ဆီးခံရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံစစ်ကို စတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ရက်က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းပိုင် Mytel တာဝါတိုင်များကို ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။