Connect with us

Hi, what are you looking for?

News

မကွေး၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များမှ Mytel တာဝါတိုင်များကို ဖျက်ဆီး

စက်တင်ဘာ ၁၁ရက် ည ၉နာရီခန့်က နတ်မောက်မြို့နယ် သမုန်းကုန်းကြီးကျေးရွာ အလယ်ပိုင်းရှိ Mytel တာဝါတိုင်နှင့် သပွတ်ပင်ကျေးရွာ အရှေ့ဘက်ရှိ Mytel တာဝါတိုင် ကို ဗုံးဖြင့် တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

မကွေးတိုင်းရှိ မကွေး၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များရှိ Mytel တာဝါတိုင် ​လေးခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖျက်ဆီးခဲ့သည်။

နတ်မောက်မြို့နယ် သမုန်းကုန်းကြီးရွာနှင့် သပွတ်ပင်ရွာမှ Mytel တာဝါတိုင်များကို စက်တင်ဘာ ၁၁ရက် ညပိုင်းက ဖျက်ဆီးခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းကျေးရွာ နှင့် မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်ရှိ Mytel တာဝါတိုင်များကို ယနေ့ နံနက်တွင် ဖျက်ဆီးခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ကဆိုသည်။

စက်တင်ဘာ ၁၁ရက် ည ၉နာရီခန့်က နတ်မောက်မြို့နယ် သမုန်းကုန်းကြီးကျေးရွာ အလယ်ပိုင်းရှိ Mytel တာဝါတိုင်နှင့် သပွတ်ပင်ကျေးရွာ အရှေ့ဘက်ရှိ Mytel တာဝါတိုင် ကို ဗုံးဖြင့် တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တောင်တွင်းကြီး မြို့နယ် ကုက္ကိုလ်ကုန်းကျေးရွာ အုပ်စုရှိ Mytel တာဝါတိုင်ကိုလည်း ယနေ့ စက်တင်ဘာ ၁၂ရက် နံနက်ပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပြီး မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်ရှိ Mytel တာဝါတိုင်တခုလည်း ယနေ့မနက်ပိုင်း၌ ဖျက်ဆီးခံရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံစစ်ကို စတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ရက်က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းပိုင် Mytel တာဝါတိုင်များကို ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို