Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်၍ TNLAနှင့် တိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

(TNLA တပ်သားတစ်ဦးအား ရှေ့တန်းနစ်နေရာ၌ တွေ့ရစဉ်)
(TNLA တပ်သားတစ်ဦးအား ရှေ့တန်းနစ်နေရာ၌ တွေ့ရစဉ်)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ အင်အား ၆၀ခန့်သည် နမ်မောကျေးရွာမှ မန်ကောင်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA တပ်မဟာ (၆)စစ်ဒေသ၊ TNLA တပ်ရင်း (၅၉၅)တပ်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ၂နာရီခွဲနီးပါး အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း အသိပေးထားသည်။

ညနေပိုင်း ၆နာရီခန့်အထိ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို TNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ TNLA သတင်းနှင့် ပြန်ကြားရေးဌာနဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ ယနေ့မနက်ပိုင်း၌ ဆက်သွယ် ရာတွင်လည်း အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာ ၇ရက်က နမ့်ဆန်မြို့နယ်ရှိ TNLA တပ်စခန်းများကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ရာ တစ်ပတ် ကြာ မြေပြင်တိုက်ပွဲပြင်းထန်ခဲ့သည်။ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူအများအပြားဖြင့် စစ်ကောင်စီတပ်က TNLA ကို တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် နားလည်မှုလွဲ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ယခု တစ်လခွဲကျော်အကြာတွင် စစ်ကောင်စီက TNLA တပ်စခန်းကို လက်နက်ကြီးဖြင့်စတင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။