Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး​ဒေါက်တာလှမြတ်​သွေးကိုစစ်​ကောင်စီ​ထောင် ၂ နှစ်ချ

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။

(​ရွေး​ကောက်ခံ အရပ်သားအစိုးရ၏ ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး ​ဒေါက်တာလှမြတ်​သွေး။ ဓါတ်ပုံ-Mizzima)
(​ရွေး​ကောက်ခံ အရပ်သားအစိုးရ၏ ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး ​ဒေါက်တာလှမြတ်​သွေး။ ဓါတ်ပုံ-Mizzima)

ဧရာဝတီတိုင်းအစိုးရအဖွဲ့​ဝန်ကြီးများအနက်ဖမ်းဆီးခံထားရဆဲဖြစ်သောတစ်ဦးတည်းကျန်သည့်လူမှု​ရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ယ​​နေ့ထောင်ဒဏ်(၂)နှစ် ယနေ့ချလိုက်သည်ဟုလွှတ်တော်အမတ်အချို့ကပြောသည်။

” ဒေါက်တာလှမြတ်သွေးကိုCDM လုပ်အောင်လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချမှတ်လိုက်ပါတယ်။စစ်ကောင်စီရဲ့ အဓိပ္ပါယ်မရှိတဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်ပါ” ဟု ဧရာဝတီဒေသကြီးမှ တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးကPeople’s Springသို့ပြောသည်။

Public Service Announcement
Public Service Announcement

ဒေါက်တာလှမြတ်သွေးကို ပုသိမ်ခရိုင်တရားရုံမှယနေ့(ဇန်နဝါရီလ၃၀ရက်)အမိန့်ချ​​​ခြင်းဟုတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာလှမြတ်သွေးတစ်ဦးတည်းကိုဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာလှမြတ်သွေးကရဲရင့်တဲ့သတ္တိခဲအမျိုးသမီးနိုင်ငံရေးသမားတစ်ဦးပါ။လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးကြတာ။သူ့အတွက် သမိုင်းကောင်းတစ်ခုဖြစ်မှာပါ။လူထုကလည်းအသိအမှတ်ပြုမှာပါ”ဟုတိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။