Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက်ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ

ထို​ကြောင့်ထွေအုပ်ဝန်ထမ်းအချို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ဝန်ထမ်းသစ်ရှာဖွေနေရသည်ဟု Non CDM ဝန်ထမ်းတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက် ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ
ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက် ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ

ဧရာဝတီတိုင်းတွင်စစ်ကောင်စီ၏အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန (ထွေအုပ်ရုံး)ဝန်ထမ်းများလိုအပ်​​နေပြီးအလုပ်​လျှောက်သူနည်းပါးသော​ကြောင့် ရပ်ကွက်များထဲအထိ ဆင်း၍ လူခေါ်နေ​ကြောင်းဧရာဝတီတိုင်းမှ ဒေသခံများကပြောသည်။

” ထွေအုပ်စာရေးအချို့ ရပ်ကွက်ထဲလာပြီး ထွေအုပ်မှာလျှောက်ဖို့နဲ့ အခုနေ လျှောက်ရင် သေချာပေါက် အလုပ်ရမှာဖြစ်တယ်လို့ လာပြောတယ်။ သူတို့ရုံးတွေမှာ လူမရှိတော့ဘူးလို့လည်းသိရတယ်” ဟု ဧရာဝတီတိုင်း ဓနုဖြူမြို့ခံတစ်ဦးကပြောသည်။

ထို​ကြောင့်ထွေအုပ်ဝန်ထမ်းအချို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ဝန်ထမ်းသစ်ရှာဖွေနေရသည်ဟု Non CDM ဝန်ထမ်းတစ်ဦးကပြောသည်။

” ထွေအုပ်စာရေးနေရာအတွက် လူလိုအပ်နေတာ။CDM တွေနေရာ ထပ်ဖြည့်ထားပေမယ့် မလုံလောက်ဘူး။ ခရိုင်မမှူးက အတင်းရှာခိုင်းနေတယ်” ဟု ပုသိမ်မြို့မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ လူခေါ်နေသော်လည်း လျှောက်မည့်သူမရှိသလို အမှန်တကယ်အလုပ်ရရန်အတွက်လည်း ကျပ်သိန်း ၃၀ခန့် လာဘ်ထိုးရန်လိုသည်ဟု အထက်ပါ ထွေအုပ်ဝန်ထမ်းကပြောသည်။

ဝန်ထမ်းအင်အားဆယ်သိန်းကျော်ရှိသည့်အနက်စစ်တပ်

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဌာနဆိုင်ရာဝန်ထမ်း သုံးသိန်းကျော်သည် ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့​သည်။ စစ်ကောင်စီလက်အောက်မှ Non CDM ဝန်ထမ်းအချို့သည် နှုတ်ထွက်ရန်ကြိုးစားနေခြင်းနှင့် ကျန်းမာရေးအကြောင်းပြကာ ခွင့်ယူနေကြခြင်းစသည်တို့​ကြောင့် စစ်ကောင်စီတွင် ဝန်ထမ်းအင်အား မလုံလောက်သည့် ပြဿနာကြုံနေရသည်ဟု Non CDMဝန်ထမ်းတစ်ဦးကပြောသည်။

CDM ပြုလုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများတွင် ပညာရေးဌာနက တစ်သိန်းခွဲခန့်နှင့် အများဆုံးဖြစ်ပြီးကျန်းမာရေးဌာနမှာ ဒုတိယအများဆုံးဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားသည့် CDM Success Committee မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Facebook