Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ကျောက်ကမ်းပါးပြိုကျ၍ ရေမဆေးသမား လေးဦးသေဆုံး

ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့(ဇန်နဝါရီ ၃၀ရက်) နံနက် ၉နာရီခန့်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(သေဆုံးသွားသည့် ရေမဆေးသမားများ​၏ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(သေဆုံးသွားသည့် ရေမဆေးသမားများ​၏ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျ၍ ရေမဆေးကျောက်ရှာသူ လေးဦး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့(ဇန်နဝါရီ ၃၀ရက်) နံနက် ၉နာရီခန့်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျောက်ကမ်းပါးယံက ပေ(၁၀၀)ခန့်မြင့်တယ်။ သူတို့ ရေမဆေးကျောက်ရှာသူလေးဦးအပေါ်ပြိုကျတာ။ လေးဦးစလုံး သေဆုံးသွားတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေလာ အလုပ်လုပ်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ (၂)သိန်းမှ (၃)သိန်းကြား ရှိနေသည်။ အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ​ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၇ရက်က ဖားကန့်မြို့ မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီအင်အား ၃၀ခန့် ဝင်ရောက်စီးနင်းကာ ရေမဆေးကျောက် ရှာဖွေသူ လူငယ် ၂၀ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။