Connect with us

Hi, what are you looking for?

သတင်း

မြင်းမူရဲစခန်းနှင့် စစ်အုပ်စုကိုတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း PAFD ပြော

အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

(စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်)
(စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းချရာနေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တို​က်ခိုက်ရာ ပျက်စီးထိခိုက်မှုရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)တာဝန်ခံက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁ရက်) ညနေ ၅နာရီခွဲခန့်က မြင်းမူမြို့ပေါ်တွင် အင်အားအများအပြားဖြင့် အထိုင်ချထားသော အ.ထ .က(၁)နှင့် ရဲစခန်းအတွင်းရှိ စစ်အုပ်စုဝင်များအား (၆၀) မမဖြင့်တိုက်ခိုက်ခဲ့ကြောင်း PAFD အဖွဲ့ တာဝန်ခံက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

“သူတို့တိုက်ခန်းတွေ အကုန်ပျက်စီးကုန်တယ်။ လိုင်းခန်းတွေတော်တော်များများ ပျက်စီးတယ်။စကစတွေတော်တော်များများ မြို့ပေါ်မှာ မနေရဲတော့ဘဲ ထွက်သွားတယ်လို့ သတင်းရတယ်။”ဟု PAFD အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်များက ည ၁၂နာရီအထိ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြို့ပေါ်နေအိမ်အချို့ပျက်စီးမှုရှိခဲ့ကြောင်း PAFDက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship (PAFD)နှင့်(PAFD)တပ်ခွဲDK PDF(MMU)၊People’s Knight Defence Force(PKDF)(MMU)D.B.B.F(MMU)တို့ကပူပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းကည်း PAFDနှင့် တော်လှန်ရေးအင်အားစုများက မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထက (၁) အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၆၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။