Connect with us

Hi, what are you looking for?

သတင်း

လန်ဒန်မြို့လယ်တွင် မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲ ကျင်းပ

မြန်မာပြည်တွင်းတွင် ပြည်သူများက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြ သကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - Click to Fight UK
ဓာတ်ပုံ - Click to Fight UK

▪︎ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါ်ခင်မမမျိုးတို့ တက်ရောက်

မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင် နှင့် ဒေါက်တာ သက်ကိုကို တို့မှ လည်း ပြည်ပရောက် တော်လှန်ရေး မိသားစုများနှင့် အတူ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းတွင် ပြည်သူများက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြ သကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယင်းဆန္ဒပြပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအား ချက်ချင်းလွှတ်ပေးရေး၊ စစ်ကောင်စီက တစ်တိုင်းပြည်လုံးကို မီးရှို့ပြာချနေခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းတို့အား ချက်ချင်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားစီရင်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ပြည်ပရောက် တော်လှန်ရေးမိသားစုများက မြန်မာ့အရေး အားပေးထောက်ခံကြသော ယူကေပြည်သူများ၊ ယူကေပါလီမန်အမတ်များနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီရေးရာ ယူကေပါလီမန်အမတ်များအဖွဲ့ မှ ဥက္ကဌဖြစ်သူ Rushanara Ali နှင့် အထက်လွှတ်တော်အမတ်များ၊ Burmese Rohingya Organisation မှ ကိုထွန်းခင်၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင်နေကြသော ပြည်တွင်းမှ ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးအတွက် ဆက်လက်၍အတူတကွ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...