Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးထိမှန်

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

လက်နက်ကြီးထိသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်
လက်နက်ကြီးထိသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်

ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး​ဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိထားကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နံနက် ၇နာရီခန့်က ကန့်ဘလူမြို့နယ်၊ ချပ်သင်း၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူများသည်ချပ်သင်းရွာ၏ အရှေ့မြောက်ဘက်သို့စစ်ကြောင်းထိုး ထွက်ခွာလာရာ နံနက် ၈ နာရီ ၄၀ ခန့်တွင် ပုဏ္ဏားကြီးရွာဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်နက်ကြီးထိသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်
လက်နက်ကြီးထိသွားသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

ထိုအမျိုးသား၏ အခြေအနေမှာ စောင့်ကြည့်နေရဆဲဖြစ်ပြီး အရေးပေါ်လွှဲပြောင်းကုသနိုင်ရန် ကြိုးစားနေသည်။

Public Service Announcement

Public Service Announcement

“ဦးခေါင်းကနေ အုတ်ခွံကို ထိသွားတဲ့အနေအထားပါ။ ညာဘက်နားရွက်အောက်နားလေးကနေထိတာ။ အကြောင်းမဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ကိုယ့်အိမ်နဲ့ကိုယ် ခုံတန်းလျားမှာထိုင်နေတာကို လက်​နက်ကြီးစ မှန်တာပါ။ သူ့အခြေအနေက မသိရသေးဘူး။ ထုတ်လို့မရသေးဘူး။ ကျွန်တော်တို့မှာက ကိရိယာတန်ဆာပလာလုံလောက်မှုမရှိဘူး။ အခြားတစ်နေရာထပ်ရွှေ့ထားရတယ်။”ဟုမြေပြင်တွင် စစ်ရှောင်များအား ကူညီနေသူ ကိုဂျောင်ဂီအွန်က ပြောကြားသည်။

ထိုစစ်ကောင်စီစစ်ကြောင်းကြောင့် ပုဏ္ဏားကြီး၊ဦးကင်းကြည်နှင့် ကံကြီးရွာ သုံးရွာမှ ပြည်သူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ဇန်နဝါရီ ၃၁ ရက်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာအား ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါစစ်ကြောင်းကြောင့် ညောင်ဇင်ကြီး၊မဲသည်၊အင်းလည်ကြီး၊ပေလည်၊ထိန်တော၊ကိုင်းရိုး၊ မင်းကုန်း(က)နှင့် ဘိုကုန်းကျေးရွာ စသည့် ကျေးရွာ ရှစ်ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်