Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်

ဒီဖြစ်ရပ်မှာ အိန္ဒိယဘက်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုမလုပ်သလို လေပိုင်နက် ကျုးကျော်ခံရတာမျိုးမရှိတဲ့အပြင် ပိုက်နက်နယ်မြေထဲ ဗုံးကျတာမရှိဘူးလို့ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။

အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်
အိန္ဒိယအစိုးရ ကန့်ကွက်လို့ မြန်မာ့အရေးဆန္ဒပြပွဲ အကောင်အထည်မဖော်ဖြစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ဟာ အိန္ဒိယဗဟိုအစိုးရ ကန့်ကွက်လို့ ဖျက်သိမ်းလိုက်ရပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ကူညီပေးတဲ့ မီဇိုရမ် အစိုးရ အပါအဝင် အဖွဲ့အစည်းအသီးသီးကိုကျေးဇူးတင်ကြောင်းပြသတဲ့ အသံတိတ်သပိတ်လမ်းလျှောက်ဆန္ဒ ပွဲ ဖျက်သိမ်းခဲ့ရတာလို့ ဒီမိုကရေစီလှုပ်ရှားတဲ့ India For Myanmar အဖွဲ့က ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ရပ်တည်ချက် နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအတွင်း အိန္ဒိယ − မြန်မာ နယ်စပ် က မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်အမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့ ဖြစ်စဉ်မှာဆို အိန္ဒိယ လေပိုင်နက်ထဲ တိုက်လေယာဉ်တွေ ကျုးကျော်ပျံသန်းသလို အိန္ဒိယဘက်ခြမ်းထဲ ဗုံးကျတာတွေရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေကဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်မှာ အိန္ဒိယဘက်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုမလုပ်သလို လေပိုင်နက် ကျုးကျော်ခံရတာမျိုးမရှိတဲ့အပြင် ပိုက်နက်နယ်မြေထဲ ဗုံးကျတာမရှိဘူးလို့ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။

NUG အစိုးရက အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ် နားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပြီး အိန္ဒိယရဲ့ဒီမိုကရေစီ အလင်းရောင် မြန်မာနိုင်ငံပေါ် ကျရောက်စေဖို့ သတင်းစကားပါးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။