Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအနောက်ခြမ်း၌ စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရွှေဘိုမြိုနယ် ချီပါအုပ်စု ငါးဆူကုန်းရွာကိုပါ မီးများ စတင်ရှို့နေကြောင်း WetLet Information Networks အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က ကျောက်မြင့်၊ တင့်တယ်(ဒင်းဒဲ)ရွာကို မီးရှို့ဖျက်ဆီးနေသည်ကို ဒေသခံတစ်ဦးက အဝေးမှငေးကြည့်နေစဉ်၊ ဓာတ်ပုံ-Cj
စစ်ကောင်စီတပ်က ကျောက်မြင့်၊ တင့်တယ်(ဒင်းဒဲ)ရွာကို မီးရှို့ဖျက်ဆီးနေသည်ကို ဒေသခံတစ်ဦးက အဝေးမှငေးကြည့်နေစဉ်၊ ဓာတ်ပုံ-Cj

▪️စစ်အုပ်စုအထိအခိုက်ရှိပြီး ကျေးရွာသုံးရွာထက် မနည်း တစ်နေကုန် မီးတင်ရှို့သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများတိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိကာ စစ်အုပ်စုက ကျေးရွာ သုံးရွာထက်မနည်း တစ်နေကုန် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၂ ရက်)နံနက် ၁၀ နာရီ မိနစ် ၂၀ခန့်က ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၅၀ခန့်သည် ကျောက်မြင့်ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။

ထိုသို့ဝင်ရောက်စဥ် ဒေသခံကာကွယ်ရေးအဖွဲ့များထောင်ထားခဲ့သော မိုင်းတစ်ကြိမ်ထိပြီး ထိခိုက်မှုရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့နောက် မိုင်းထိစစ်ကောင်စီတပ်သည် ကျောက်မြင့်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး တင့်တယ်ရွာ (ဒင်းဒဲရွာ)သို့ ဆက်ထွက်လာရာ ရွှေဘိုတိုက်နယ် (၂)ဒေသခံကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့များနှင့် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်သည် တင့်တယ်(ဒင်းဒဲ)ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဆိပ်ခွန်မြောက်ဘက်ကပ်နေတဲ့ရွာ၊ ကျောက်မြင့်၊ တင့်တယ် ၂ရွာလုံး တနေကုန်ပဲ။ မီးလောင်တာများတယ်။ စစ်တပ်က ရွာထဲကနေကို တော်တော်နဲ့မထွက်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ကပင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးသင်တန်းကျောင်းမှ ထွက်ခွာလာသောအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်သည် ကျားရွာ တောင်ရွာနှင့်မြောက်ရွာတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရွှေဘိုမြိုနယ် ချီပါအုပ်စု ငါးဆူကုန်းရွာကိုပါ မီးများ စတင်ရှို့နေကြောင်း WetLet Information Networks အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။