Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့ ပျူစခန်းချရာနေရာ တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိမ်းဆည်းခဲ့သော ပစ္စည်းအချို့အား တွေ့ရစဉ်၊ ဓာတ်ပုံ-PAFD
သိမ်းဆည်းခဲ့သော ပစ္စည်းအချို့အား တွေ့ရစဉ်၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးစခန်းချရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပျူစောထီးများပိုင်ဆိုင်သောပစ္စည်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သ​ည်ဟု PAFD က ဆိုသည်။

Public Service Announcement
Public Service Announcement

“ပျူနဲ့စကစတွေပေါင်းပြီးတော့ရှိနေတဲ့ အဲဒီအိမ်ထဲကို ဝင်စီးတဲ့အခါမှာ ကျွန်တော်တို့လာမယ်သတင်းကြားတော့ ထွက်ပြေးတာ။ ကျွန်တော်တို့ပြန်ထွက််မယ်လုပ်တော့ သူတို့က အင်အားတွေနဲ့လာပြီး မိနစ်နှစ်ဆယ်လောက်တိုက်ပွဲဖြစ်တာ။ အင်အားကတော့ သုံးဆယ်လောက်ရှိမယ်”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို PAFDနှင့် PAFDတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊တပ်စိပ်(၁)ပျံလွှားအဖွဲ့၊တပ်စိပ် (၂)ခွပ်ဒေါင်းအဖွဲ့တပ်စိပ်(၃)ဇာမဏီအဖွဲ့တပ်စိပ်(၄)ငရဲမီးအဖွဲ့နှင့်PAFDတပ်ခွဲ DKPDF-MMU မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့စသော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီတတိယပတ်အတွင်းက ဝက်လက်မြို့နယ်အတွင်းနှင့် မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။ တော်လှန်ရေးရဲဘော် ခြောက်ဦးလည်း ကျဆုံးပြီး နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း PAFDက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။