Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီ သမ္မတ လုပ်ကြံခံရမှုမှာ ဝန်ကြီးချုပ် ပါဝင်ပတ်သက်နေတယ်လို့ ရှေ့နေတွေယူဆ

ဟေတီ အစိုးရ ရှေ့နေတွေက ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီ ပါဝင် ပတ်သက်နေတယ်လို့ ယုံကြည် ယူဆနေပါတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ်ကြားမှာ ပုဂ္ဂိုလ်ရေး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။

သမ္မတကို လုပ်ကြံမှုနဲ့ ဝန်ကြီးချုပ်ကို တရားစွဲဆိုဖို့ ဟေတီ အစိုးရ ရှေ့နေတွေက ကြိုးစားနေကြောင်း သိရပါတယ်။

ဟေတီ သမ္မတ ဂျိုဗန်နဲလ် မွိုင်ဆေးဟာ ဇူလိုင် ၇ ရက်က နေအိမ်မှာ လုပ်ကြံ ခံလိုက်ရပါတယ်။ ပို့တ်အူပရင့်စ် မြို့တော်က သမ္မတ ကိုယ်ပိုင် စံအိမ်ထဲကို သေနတ်သမားတွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာပါ။ သမ္မတ လုပ်ကြံခံရမှုက ဟေတီမှာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လက အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အခြေအနေတွေ ပိုဆိုးရွားကုန်ပါတယ်။

ဟေတီ အစိုးရ ရှေ့နေတွေက ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီ ပါဝင် ပတ်သက်နေတယ်လို့ ယုံကြည် ယူဆနေပါတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ်ကြားမှာ ပုဂ္ဂိုလ်ရေး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။

ဟေတီ အစိုးရ ရှေ့နေတွေက ဝန်ကြီးချုပ် ဟင်နရီဟာ လုပ်ကြံမှုရဲ့ အဓိက ကြိုးကိုင်သူ တစ်ဦးဖြစ်တဲ့ ဂျိုးဆက် ဖိလစ် ဘာဒီရိုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ လူသတ်မှုမှာ ဆက်နွှယ်နိုင်တယ်ဆိုတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတဲ့အတွက် ဟင်နရီကို ပြည်ပထွက်ခွာခွင့် တားဆီးပေးဖို့ ရှေ့နေတွေရဲ့ တောင်းဆိုမှုကိုလည်း ဟေတီ တရားရုံးက လက်ခံပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းမှာတော့ ဟင်နရီက ရှေ့နေချုပ် ဘက်ဒ်ဖို့ဒ် ကလော်ဒေးဟာ လုပ်ပိုင်ခွင့် ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရာထူးက နုတ်ထွက်ပေးဖို့ စာရေးသား တောင်းဆိုခဲ့ပြီး အစားထိုး ခန့်အပ်မယ့်သူ အမည်ကိုပါ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ကလော်ဒေးက ပုံမှန် ရုံးတက်ပြီး လူသတ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ကိုပါ စစ်ဆေးခွင့်ပြုဖို့ တရားသူကြီးတွေဆီ တောင်းဆိုခဲ့ပါတယ်။

ဟေတီ ဖွဲ့စည်းပုံ ဥပဒေအရ ရှေ့နေချုပ်ကို ထုတ်ပယ်ခွင့်၊ အစားထိုးခွင့် အာဏာမျိုး မရှိပါဘူး။ အစိုးရ ရှေ့နေတွေက ဟင်နရီနဲ့ ဘာဒီရိုတို့ကြား ဆက်နွှယ်မှုကို မေးခွန်းထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ဘာဒီရိုဟာ လုပ်ကြံမှု အပြီးမှာ ခြေရာဖျောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ သူဟာ လုပ်ကြံမှု အပြီးမှာ ဝန်ကြီးချုပ် ဟင်နရီနဲ့ ဖုန်းဆက်သွယ် စကားပြောခဲ့ကြောင်း အထောက်အထားတွေ ရှိနေတယ်လို့ တရားရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

ဟင်နရီကတော့ အခု စွပ်စွဲချက်တွေကို ငြင်းဆိုပြီး နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ သူ့အပေါ် မရိုးမသား ထိုးနှက်မှုသာ ဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။