Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်အထိုင်ချရာနေရာများအား တာဝေးပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေသည်ကို ၂၀၂၁သြဂုတ်ကတွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေသည်ကို ၂၀၂၁သြဂုတ်ကတွေ့ရစဥ်၊ ဓာတ်ပုံ - CJ

တန့်ဆည်တွင်လည်း စစ်အုပ်စုအား ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်အား တာဝေးပစ် Rocketများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တန့်ဆည်မြို့တွင်လည်း စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးကြာင်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့ပေါ်ရှိ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ဆုတ်ခွာခဲ့ကြောင်း၊ စစ်အုပ်စုထိခိုက်မှုအတိအကျ မသိရသေးကြောင်း NTG ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“စကစ ဗိုလ်တစ်ကောင် ကျော်သီဟအပါဝင် သုံးဦးထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။ ၆၀(မမ)နဲ့ ပြန်ပစ်တာ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ ငါးဦး ထိခိုက်ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု NTG ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Northern Tigers Group (NTG)နှင့် ရွှေဘိုခရိုင်တပ်ရင်း(၂၀)/တပ်ခွဲ(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး Rockets များထုတ်လုပ်နိုင်ရန် Sagaing supporting team က ကူညီခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီ စစ်ကြောင်းအား တပ်ရင်း(၂၅)နှင့် ပူးပေါင်း၍ သုံးရက်အတွင်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

​ဖေဖော်ဝါရီ ၂၀ ရက် ည၇ နာရီခွဲခန့်က ဘေရင်းရွာသစ် မြောက်ဖက် ပေလမ်းပေါ်တွင် ကင်းပတ်လာသော ပျူများအား ပ.က.ဖမှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇နာရီ မိနစ် ၄၀ခန့်ကလည်း ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁)နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅)တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူ ငါးဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ အရာတော်နယ်တို့တွင်လည်း စစ်အုပ်စုနှင့် ဒေသခံ PDFများကြား ပစ်ခတ်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။