Connect with us

Hi, what are you looking for?

News

ရွှေ့ပြောင်းမြန်မာလုပ်သားတွေကိုဖမ်းဆီးခဲ့တဲ့ ထိုင်းအာဏာပိုင် ၄၀ ဦးခန့် ကွာရင်းတင်းဝင်နေရ

ကလေးတဦးအပါအဝင် မြန်မာ ၁၄ ဦး ဟာ မလေးရှား. ဘက်ကို သွားဖို့ ထိုင်းဘက်ခြမ်းမှာ စောင့်ဆိုင်း နေချိန် ထိုင်းလဝက နဲ့ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ စနေနေ့ က ဖမ်းဆီးခဲ့တာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်း − မလေးရှားနယ်စပ် ရဲ့ ထိုင်းဘက်ခြမ်း ဆဒေါ့ခရိုင် မှာတရားမဝင် မြန်မာရွှေ့ပြောင်းသွားလာသူ တွေကိုဖမ်းမိခဲ့ရာမှာ ကိုဗစ်ကူးစက်ခံထားရတာတွေ့လို့ သူတို့နဲ့ထိတွေ့မိသူ ထိုင်းအာဏာပိုင်ဦးရေ ၄၀ လောက် ကွာရင်းတင်းဝင်နေရတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ကလေးတဦးအပါအဝင် မြန်မာ ၁၄ ဦး ဟာ မလေးရှား. ဘက်ကို သွားဖို့ ထိုင်းဘက်ခြမ်းမှာ စောင့်ဆိုင်း နေချိန် ထိုင်းလဝက နဲ့ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ စနေနေ့ က ဖမ်းဆီးခဲ့တာပါ။

ဖမ်းမိသူအားလုံးကို ကိုဗစ် စစ်ဆေးဲ့ရာမှာ ၉ ဦးမှာ ကူးစက်ခံထားရတာတွေ့လို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ ဒုတိယအကြိမ် စစ်ဆေးထားပြီး ရလဒ်ကိုတော့မသိရသေးပါဘူး။

ဒီလို ဖမ်းခံရသူတွေမှာ ကိုဗစ်တွေ့ရတဲ့အတွက် ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ရဲ ၊ စစ်သားနဲ့ အုပ်ချုပ်ရေးပိုင်းအရာရှိ ဦးရေ ၄၀ နီးပါးကို စစ်ဆေးရာမှာာ ကိုဗစ်ကူးစက်ခံရတာမတွေ့ရပေမယ့် ကွာရင်းတင်း ၁၄ ရက်တော့ထားရှိမယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။