Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် တောပုရွာရှိပျူအဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ရာ လေးဦးသေဟုဆို

ဖေဖော်ဝါရီ၂၅ ရက်ကလည်း ပြည်သူ့ပဲခင်းများကို ခိုးယူရိတ်သိမ်းနေသော တောပုရွာမှ ပျူများအား မိုင်း ၅လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာရထိခိုက်သူများကြောင်း Special Forces-11PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် ပျူစောထီးအဖွဲ့ဝင်များ၏ စစ်သင်တန်းတစ်ခု၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် ပျူစောထီးအဖွဲ့ဝင်များ၏ စစ်သင်တန်းတစ်ခု၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးအဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း Special Force-11 (PDF)အဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက် ၁၀နာရီခွဲခန့်က တောပုကျေးရွာ လယ်ကွင်းများအတွင်း၌ မဟာမိတ်ရဲဘော်များနှင့် အင်အား ၃၀ဝန်းကျင်ရှိသော တောပုရွာမှ ပျူစောထီးများ နှစ်ဖက်ထိပ်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် ပျူ သုံးဦးသေဆုံးပြီး ကျန်ပျူအချို့ ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Special Force-11(PDF)အဖွဲ့က ပြောသည်။

ပျူအုပ်စုဘက်က လက်နက်ကြီးပစ်ကူများဖြင့်အင်အားထပ်ဖြည့်လာသောကြောင့် လက်နက်ရယူနိုင်ခြင်းမရှိကြောင်း Special Force-11 (PDF) အဖွဲ့က ဆိုသည်။

“ကြာချိန်ကတော့ ကျွန်တော်တို့ မနက် ၁၀နာရီလောက်မှာ ပွဲဖြစ်မဲ့နေရာကို စပြီးကပ်တာဗျ။ ၁၀နာရီခွဲမှာ ရင်ဆိုင်စဖြစ်တာ။ ၁၁နာရီကျော် ၁၂နီးပါးမှာ ပြန်ဆုတ်ခဲ့တာဆိုတော့ နာရီဝက် ကျော် ၄၅မိနစ်လောက်တော့ရှိမယ်ဗျ။ သူတို့ဘက်က သုံးယောက်ကျပြီး ပြန်ပြေးတဲ့အချိန် သေနတ်ကောက်ဖို့ သွားမယ်လုပ်တော့ လက်နက်ကြီးတွေ ပစ်လာတာနဲ့ လက်နက်မကောက်ခဲ့ရဘဲ ပြန်ဆုတ်လာခဲ့ရတာ။”ဟု Special Force-11 (PDF)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် ကျည်အမျိုးအစား အစုံအတောင့် ၂၀၀ကျော် အသုံးပြုခဲ့ရပြီး စစ်ဆင်ရေးများဆက်တိုက်ဖော်ဆောင်နေ၍ ကျည်ဖိုးအပါအဝင် ထောက်ပံ့မှု လိုအပ်နေကြောင်း ၎င်းကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးတွင် Special Force-11(PDF)၊Brave Heart Army(BHA)၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite-STF(Special Force-11)၊Monywa ဗန္ဓုလနှင့်အဖွဲ့သားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၂၅ ရက်ကလည်း ပြည်သူ့ပဲခင်းများကို ခိုးယူရိတ်သိမ်းနေသော တောပုရွာမှ ပျူများအား မိုင်း ၅လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာရထိခိုက်သူများကြောင်း Special Forces-11PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြည်သူတွေရဲ့ ကောက်ပဲသီးနှံအခင်းတွေကို လာခိုးယူချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Special Forces-11PDF၊ Brave Heart Army-BHA၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Monywa -Special ဒိတ်ဒိတ်ကြဲ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၃ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်နှင့်ပျူများ အထိုင်ချရာ တောပုရွာသို့ ဒေသတွင်း PDFအဖွဲ့များက တာဝေးပစ် (၈၀) မမ လက်နက်ကြီးများဖြင့် (၁၇)ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း SpecialForce-11(PDF) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။