Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာဝန်ခံကိုသာ ဗြိတိန်ခန့်အပ်

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်
စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံး၏ ယာယီသံရုံးတာ၀န်ခံအဖြစ် မစ္စတာ Ken O’Flahertyကို ခန့််အပ်ကြောင်း ယနေ့ ကြေညာသည်။

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။

ယာယီသံရုံးတာ၀န်ခံအသစ်က “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောသည်

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ခံစေမှုနှင့် စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာစေရန် ဗြိတိန်က တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့် ဗြိတိန််၏ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ခိုင်မာစွာ ကတိပြုထားကြောင််း အထက်ပါ ယာယီသံရုံးတာ၀န်ခံက အသိပေးသည််။

Public Service Announcement

Public Service Announcement

မစ္စတာ Ken O’ Flaherty သည် သံတမန်တစ်ဦးဖြစ်ပြီး ယခင််က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။