Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စခန်းချရန်တောင်းဆိုသည့် ပျူငါးဦး ပစ်ခတ်ရှင်းလင်းခံရ

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်သင်တန်းတစ်ခုတွင် တွေ့ရသည့် ဝါသဝနှင့် ပျူစောထီးများ၊ ဓာတ်ပုံ - အညာသားလေ
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်သင်တန်းတစ်ခုတွင် တွေ့ရသည့် ဝါသဝနှင့် ပျူစောထီးများ၊ ဓာတ်ပုံ - အညာသားလေး

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ အလယ်သောင်ကျေးရွာအုပ်စုရှိ ကျေးရွာအတွင်း စစ်ကောင်စီ တပ်စခန်းချရန် စာပို့တောင်းဆိုသည့် လက်နက်ကိုင် ပျူစောထီး ငါးဦးကို ပစ်ခတ်ရှင်းလင်း လိုက်ကြောင်း Myungyan Black Tiger – MBTတပ်ဖွဲ့က ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်စခန်းအထိုင်ချဖို့ တောင်းဆိုထားတဲ့ရွာပါ အဲဒီရွာက။ စာလည်းကျထားပါပြီ။ အဲဒီအချိန်မှာ ပြည်သူတစ်ယောက်ကနေ ၂၅ ရက်နေ့ညနေခင်းမှာ ကျွန်တော်တို့ဆီကိုလာပြီးတော့ တိုင်ကြားလာတဲ့အပေါ် အဲဒီညခင်းမှာပဲ ကျွန်တော်တို့ အင်အားသုံးပြီးတော့ တစ်ခါတည်းတပြိုင်နက်တည်း ရှင်းလင်းခဲ့တာပါ”ဟု MBT တပ်ဖွဲ့မှ တာဝန် ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ပျူစောထီးခေါင်းဆောင်များအား ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်ရှင်းလင်းနေစဥ် ဂွက်ကြီးကျေးရွာအနီး ဆင်မရဲရွာတွင် အထိုင်ချထားသော ပျူစောထီးနှင့် စစ်ကောင်စိ တပ်က (၆၀) မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပျူစောထီးခေါင်းဆောင်တစ်ဦး၏နေအိမ်အား ဝင်ရောက်ပစ်ခတ်စဥ် ယင်းပျူခေါင်းဆောင်နှင့်အဖွဲ့က ပြန်ခုခံသဖြင့် မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူခေါင်းဆောင်မှာ ထွက်ပြေးလွတ် မြောက်သွားသော်လည်း ၎င်း၏တပည့်ဖြစ်သူမှာ သေ ဆုံးသွားကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အရေးယူရှင်းလင်းလိုက်သော လက်နက်ကိုင်ပျူစောထီးများသည် စစ်ကောင်စီတပ်အထိုင်ချစခန်းများတွင် လုံခြုံရေးတာဝန်ယူ ကင်းစောင့်ကြသူများဖြစ်သလို လက်နက်အားကိုးဖြင့် ကျေးရွာလူထုအား ဖိနှိပ်အနိုင်ကျင့်ခြင်း၊ တော်လှန်ရေးရဲဘော်များအား စစ်ကောင်စီတပ်နှင့်အတူပူးပေါင်းတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း MBT တပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။