Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် ကင်းထောက် PDF ရဲဘော်နှစ်ဦးကျဆုံးပြီး တဲစုရွာမှ နေအိမ် ၂၀ခန့် မီးရှို့ဖျက်ဆီးခံရ

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) မွန်းလွဲပိုင်းက ရေဦးမြို့မှ စစ်ကောင်စီတပ်သည် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းတံတားသို့ ရိက္ခာအပို့အယူပြုလုပ်ရန် မြင်းဒေါင်းကျေးရွာအနီးတစ်ဝိုက်၌ ကင်းပုန်းချထားခဲ့သည်။

တဲစုကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
တဲစုကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကင်းထောက်နေသည့် PDF ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်ကင်းပုန်းနှင့်တိုး၍ ပစ်ခတ်သတ်ဖြတ်ခံရပြီး တဲစုကျေးရွာမှ နေအိမ် ၂၀ခန့်လည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) မွန်းလွဲပိုင်းက ရေဦးမြို့မှ စစ်ကောင်စီတပ်သည် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းတံတားသို့ ရိက္ခာအပို့အယူပြုလုပ်ရန် မြင်းဒေါင်းကျေးရွာအနီးတစ်ဝိုက်၌ ကင်းပုန်းချထားခဲ့သည်။

ထိုအချိန် ကင်းထောက်လာသော ပြည်သူ့ကာကွယ်ရေးတပ်သား PDF နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

“စစ်ကြောင်းဘယ်ရောက်ပြီဆိုတာကို ကင်းထောက်တာ။ သူတို့နဲ့ပက်ပင်းတိုးတဲ့အနေအထားမှာ သူပစ်ကိုယ်ပစ် ပစ်ကြတယ်နဲ့တူတယ်။ ကာကွယ်ရေးရဲဘော်နှစ်ဦးကျတယ်။ သူတို့နဲ့ပါလာတဲ့ ဂန်းတစ်လတ်လည်းပါသွားတယ်။ အလောင်းတွေကိုတော့ ဒီအတိုင်းထားပစ်ခဲ့တယ်။ ရဲဘော်နှစ်ဦးအလောင်းကိုတော့ ပြန်သယ်ပြီး ဒီကနေ့ညနေပဲ သင်္ဂြိုလ်လိုက်ပြီ”ဟု ခင်ဦးအခြေစိုက် ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ်၌ ခြေလျင်စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ခန့်ပါသည်ဟု ဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်)ကလည်း ခင်ဦးမြို့နယ် တဲစုကျေးရွာရှိ နေအိမ် ၁၈လုံးအား မီးရှို့ဖျက်ဆီးသွားပြီး လျှပ်စစ်ထရန်စဖော်မာကိုပါ ပစ်ခတ်ကာ ဖျက်ဆီးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

တဲစုကျေးရွာသည် ပျူအင်အားကောင်းသည့် ပျဥ်ထောင်ရွာနှင့်အနီးဆုံးတွင် တည်ရှိကြောင်း၊ တဲစုရွာ၌ အိမ်ခြေ စုစုပေါင်း ၄၀၀ ခန့်ရှိပြီး ယခုအကြိမ်သည် သုံးကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ကာ နေအိမ် ၅၂ လုံးအထိ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၆ရွာရှိ နေအိမ်ပေါင်း ၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးထားခဲ့ပြီး ရဲဘော်နှင့်ပြည်သူ ၂၅၀ဦး သတ်ဖြတ်ခံထားရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မှတ်တမ်းပြုစုထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့