Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် ၅ရက်အတွင်း PDFရဲဘော် ၁ဝဦးကျဆုံး

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်
ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ပွဲများနှင့် ဗုံးမတော်တဆမှုကြောင့် ငါးရက်အတွင်း PDFရဲဘော် ၁ဝဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)က အရာတော်မြို့နယ် တစ်နေရာတွင်ဆယ်ကျော်သက် PDF ရဲဘော် သုံးဦး လက်နက်မတော်တဆဖြစ်ပြီးကျဆုံးခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲဘော်များသည် တိုက်ပွဲသွားရောက်ရန် ဗုံးသီးများပြင်ဆင်ရင်း မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကျဆုံးရဲဘော် သုံးဦးအနက် ရဲဘော် Cover နှင့် ရဲဘော်ဖားကြီးတို့မှာ အသက်(၁၈) နှစ်နှင့် (၁၉)နှစ် အသီးသီးရှိကြပြီး ရဲဘော်နွေဦးမှာ အသက် (၂၀)နှစ်သာရှိသေးသော ဆယ်ကျော်သက်လူငယ်ရဲဘော်များဖြစ်ကြောင်း အရာတော်ပို့စ်က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

၎င်းတို့အား မိခင်တပ်ဖွဲ့မှ ဈာပနအခမ်းအနားပြုလုပ်ပေးခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးစတင်ကြေညာသော ဖေ‌ဖော်ဝါရီ ၂၂ ရက်တွင် အရာတော်မြို့နယ်တောင်ပိုင်း မင်းရွာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းရော ကုန်းကြောင်းဖြင့်ပါ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်ညပိုင်းတွင် အထိနာခဲ့သောစစ်ကောင်စီတပ်သားများက အိမ်ခြေထောင်ချီရှိသော မင်းရွာကြီးကို မီးတင်ရှို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက မင်းရွာကြီးကျေးရွာရှိ အထက်တန်းကျောင်းက စာသင်ကျောင်းဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ပြည်သူအမျိုးသားအလောင်း တစ်လောင်းနှင့် ၎င်းဘေးတွင် စစ်ကောင်စီတပ်သားများထောင်ထားခဲ့သော နင်းမိုင်းတစ်လုံး ၊ တောထဲတစ်နေရာတွင်မပေါက်ကွဲသေးသော (၆၀) မမ လက်နက်ကြီးကျည် တစ်လုံးတို့ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့