Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် ၅ရက်အတွင်း PDFရဲဘော် ၁ဝဦးကျဆုံး

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်
ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ပွဲများနှင့် ဗုံးမတော်တဆမှုကြောင့် ငါးရက်အတွင်း PDFရဲဘော် ၁ဝဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)က အရာတော်မြို့နယ် တစ်နေရာတွင်ဆယ်ကျော်သက် PDF ရဲဘော် သုံးဦး လက်နက်မတော်တဆဖြစ်ပြီးကျဆုံးခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲဘော်များသည် တိုက်ပွဲသွားရောက်ရန် ဗုံးသီးများပြင်ဆင်ရင်း မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကျဆုံးရဲဘော် သုံးဦးအနက် ရဲဘော် Cover နှင့် ရဲဘော်ဖားကြီးတို့မှာ အသက်(၁၈) နှစ်နှင့် (၁၉)နှစ် အသီးသီးရှိကြပြီး ရဲဘော်နွေဦးမှာ အသက် (၂၀)နှစ်သာရှိသေးသော ဆယ်ကျော်သက်လူငယ်ရဲဘော်များဖြစ်ကြောင်း အရာတော်ပို့စ်က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

၎င်းတို့အား မိခင်တပ်ဖွဲ့မှ ဈာပနအခမ်းအနားပြုလုပ်ပေးခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးစတင်ကြေညာသော ဖေ‌ဖော်ဝါရီ ၂၂ ရက်တွင် အရာတော်မြို့နယ်တောင်ပိုင်း မင်းရွာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းရော ကုန်းကြောင်းဖြင့်ပါ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်ညပိုင်းတွင် အထိနာခဲ့သောစစ်ကောင်စီတပ်သားများက အိမ်ခြေထောင်ချီရှိသော မင်းရွာကြီးကို မီးတင်ရှို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက မင်းရွာကြီးကျေးရွာရှိ အထက်တန်းကျောင်းက စာသင်ကျောင်းဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ပြည်သူအမျိုးသားအလောင်း တစ်လောင်းနှင့် ၎င်းဘေးတွင် စစ်ကောင်စီတပ်သားများထောင်ထားခဲ့သော နင်းမိုင်းတစ်လုံး ၊ တောထဲတစ်နေရာတွင်မပေါက်ကွဲသေးသော (၆၀) မမ လက်နက်ကြီးကျည် တစ်လုံးတို့ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။