Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် မကျီးအုပ်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ PDF ရဲဘော်နှစ်ဦးကျဆုံး

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

(တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကအသုံးပြုခဲ့သောကျည်များအားတွေ့ရစဥ်။ဓာတ်ပုံ-KURDAF)
(တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကအသုံးပြုခဲ့သောကျည်များအားတွေ့ရစဥ်။ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မကျီးအုပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ဒေသခံ ကင်းထောက် ရဲဘော်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

Public Service Announcement
Public Service Announcement

အဆိုပါ ထိတွေ့မှုတွင် ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf(KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force. Khin U၏ ရဲဘော် နှစ်ဦးဖြစ်သူ အသက်(၃၂) နှစ်အရွယ် ရဲဘော် နဂါးလေးနှင့် အသက်(၂၅) နှစ်အရွယ် ရဲဘော် ၇၆၀ တို့သည် စစ်ကောင်စီအား ခုခံရင်းကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီဘက်က အီဂါနာ ဗုံးသီး (၂)လုံး ၊ ၅.၅၆ ကျည် (၁၂၀)ကျော် ၊ ၇၉ – (၃) လုံး လက်နက်အသာစီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံး ၁၀ဦးနှင့် ဒဏ်ရာရ ခုနစ်ဦး ရှိသည်ဟု သိရကြောင်း KURDAF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၁ ရက် မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်း ၁၀ဦးအား ပဒေသာမိုင်း၂စုံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။