Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ရှ​ရော်ခရွာမှပြည်သူများကိုစစ်တပ်ကနာရီ ၂၀​ကျော်ဖမ်းပြီး KIA နှင့်PDF မ​ကောင်း​ကြောင်း​ပြော၍ပြန်လွှတ်

ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁ရက် ညနေ ၃ နာရီခွဲခန့်တွင်သေနတ်များပစ်ဖောက်ဝင်ရောက်ပြီး ဒေသခံ ၁၂၈ ဦးကိုဖမ်းဆီးခဲ့သည်။ ထို့‌နောက် မတ်လ ၂ရက် နေ့လယ်နှင့်ညနေတွင် လူခွဲ၍ အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။

(ရှ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-The 74 media)
(ရှ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-The 74 media)

ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ ဒေသခံ ၁၀၀ ​ကျော်ကို စစ်ကောင်စီတပ်ကတစ်ရက်ကြာ ဖမ်း‌ဆီးပြီး​နောက်KIA နှင့်PDFအကြောင်း မ​ကောင်းပြောပြး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁ရက် ညနေ ၃ နာရီခွဲခန့်တွင်သေနတ်များပစ်ဖောက်ဝင်ရောက်ပြီး ဒေသခံ ၁၂၈ ဦးကိုဖမ်းဆီးခဲ့သည်။ ထို့‌နောက် မတ်လ ၂ရက် နေ့လယ်နှင့်ညနေတွင် လူခွဲ၍ အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။

“ဖမ်းထားတဲ့အချိန်တချိန်လုံးမှာ KIA နဲ့ PDFက လူထုရဲ့ ရန်သူတွေဆိုတာကို ပြောတယ်တဲ့။ နောက်ပြီး သတင်းပေးဖို့နဲ့ သူတို့နဲ့ ပူးပေါင်းဖို့ စစ်ခွေးတပ်က ပြောတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟုဖားကန့်မြို့နယ်မှ​ဒေသခံတစ်ဦးကပြောသည်။

ရှရော်ခကျေးရွာဒေသခံ ၁၂၈ ဦးကို ဖမ်းဆီးပြီး အသက် ၅၀နှစ်အထက်များအပါအဝင် ၉၂ဦးကို နာရီ ၂၀ ကျော်အကြာမတ်လ ၂ရက် နေ့လည် ၁၂နာရီခန့်တွင် ပထမပြန်လွှတ်ခဲ့သည်။ စစ်ကိုင်းတိုင်း မှတ်ပုံတင် ၅မျဉ်းစောင်း ကိုင်ထားသူများအပါအဝင် ၃၀ဦးကို ပြန်မလွှတ်သေးဘဲ ဆက်လက်ဖမ်းဆီးထားပြီး ညနေ ၃နာရီခန့်တွင်မှ ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” အသက်ကြီးတဲ့သူတွေကို တစ်ယောက်တစ်သောင်း ပေးပြီ ပြန်လွှတ်တယ်။ လူငယ်တွေကိုကျတော့ အအေးဗူးတွေတိုက်တယ်။ တမင်ကို ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးပြီး သူတော်ကောင်းဘွဲ့ခံတဲ့သဘောပဲ။ ဒါက နိုင်ငံရေးမှာ အရပ်သားကို အသုံးချတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်အေးမြသာယာရပ်ကွက်တွင်နေထိုင်သူတစ်ဦးကလည်း” ဖားကန့်လူထုက KIA နဲ့ PDF ကို ထောက်ခံတယ်။ စစ်ကောင်စီကိုလက်မခံဘူး။ ဒီတော့ စစ်ကောင်စီက လူတွေကိုဖမ်းပြီးပြန်လွှတ်ပေးပြတယ်။KIA၊PDFမကောင်းကြောင်းတွေပြောပြီးငွေနည်းနည်းပေးတယ်။ပြန်လွှတ်တယ်သူတို့ စည်းရုံးရေးဆင်းနေတာ” ဟုပြောသည်။

ဖမ်းဆီးခံရသူများသည် ရှရော်ခကျေးရွာအနီးရှိ ရတနာမိုးမြေ ကျောက်စိမ်းလုပ်ကွက်အတွင်း နာရီ၂၀မှ ၂၄နာရီနီးပါး ချုပ်နှောင်ခံခဲ့ရသည်။ အရပ်သားများအား အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီးမှ အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခြင်းအတွက် ကျေးဇူးတင်နေမည်မဟုတ်ဘဲ စစ်အာဏာရှင်တော်လှန်ရေးအတွက်KIA နှင့်PDF ကိုဆက်လက်အားပေးထောက်ခံသွားမည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။