Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်း (၁၆၇)မိုင်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်

ဒေသခံ လူမှုကူညီရေးအသင်းများ၏ ဖော်ပြချက်အရ ယင်းတိမ်းမှောက်မှု ဖြစ်စဉ်တွင် အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဆွာ MR
ဓာတ်ပုံ - ဆွာ MR

▪️ခရီးသည်သုံးဦးသေဆုံးပြီး ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရ

ရန်ကုန် – မန္တလေး အမြန်လမ်း(၁၆၇)မိုင်တွင် ယနေ့ (မတ်လ ၄) နံနက်အစောပိုင်းက ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှတဆင့် သိရသည်။

ဓာတ်ပုံ - ဆွာ MR
ဓာတ်ပုံ – ဆွာ MR

အဆိုပါတိမ်းမှောက်မှု ဖြစ်ပွားသည့် ယာဉ်မှာ တောင်ကြီးမှ မြဝတီမြို့သို့ ထွက်ခွာလာသည့် ဒို့ညီနောင် ခရီးသည်တင်ယာဉ်ဖြစ်ပြီး ယနေ့ နံနက် ၄ နာရီခွဲကျော်တွင် မိုင်တိုင်(၁၆၇)အနီး၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း ဒေသခံပရဟိတအဖွဲ့က ဆိုသည်။

ဓာတ်ပုံ - ဆွာ MR
ဓာတ်ပုံ – ဆွာ MR

“လက်ရှိတော့ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၃၀ ဦး ရှိပါတယ်။ အားလုံးကို ဆွာဆေးရုံကို ပို့ထားတယ်။ ပြင်းထန်လူနာတွေကိုတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ဆက်လက်ပို့ဆောင်နေပါတယ် “ဟု ဆွာမြို့နယ်လူမှုကူညီရေးအသင်းက ဆိုသည်။

ဒေသခံ လူမှုကူညီရေးအသင်းများ၏ ဖော်ပြချက်အရ ယင်းတိမ်းမှောက်မှု ဖြစ်စဉ်တွင် အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook