Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ်တွင် အထိနာသွားသော စစ်တပ်က ပြည်သူငါးဦးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံလိုက်ရသော ပြည်သူငါးဦးနှင့် ပြင်းထန်ဒဏ်ရာရ၍ အရေးပေါ်ကုသမှုခံယူနေရသူတစ်ဦးတို့အား စစ်တပ်က မည်သည့်အတွက်ကြောင့် ယခုလို လုပ်ဆောင်ခဲ့သည်ကို အကြောင်းအရင်း မသိရသေးပေ။

(စစ်တပ်နှင့် ပျူစောထီးများမီးရှို့မှုကြောင့် ပြာကျသွားသည့်နေအိမ်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(စစ်တပ်နှင့် ပျူစောထီးများမီးရှို့မှုကြောင့် ပြာကျသွားသည့်နေအိမ်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါဝင်သော အင်အား (၅၀)ခန့်ပါ စစ်ကြောင်းသည် ဒေသခံ ပြည်သူငါးဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပြောသည်။

ယနေ့ (မတ်လ ၄ ရက်)နံနက် ၉ နာရီခွဲခန့်က ကျောက်ဝပ်ပြင်ကျေးရွာတောင်ကြောအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များသည် လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်၍ အောက်ဝပ်ကျင်းကျေးရွာသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်ငါးလုံးသို့ ဝင်ရောက်ရှာဖွေ မွှေနှောက်ပြီး အိမ်လေးလုံးကို မီးရှို့ဖျက်ဆီးသည့်အပြင် အပြစ်မဲ့ပြစ်သူခြောက်ဦးအား ဖမ်း ဆီးနှိပ်စက်သတ်ဖြတ်ခဲ့ရာ ငါးဦးမှာနေရာတင်ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီမနက်မှ လာလုပ်သွားတတာ ခင်ဗျ။ အတော်ကို လူမဆန်တာ”ဟု အပြစ်မဲ့ပြည်သူငါးဦးကို စစ်ကောင် စီတပ်က အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သွားခြင်းအပေါ် LLPDF တာဝန်ရှိသူက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံလိုက်ရသော ပြည်သူငါးဦးနှင့် ပြင်းထန်ဒဏ်ရာရ၍ အရေးပေါ်ကုသမှုခံယူနေရသူတစ်ဦးတို့အား စစ်တပ်က မည်သည့်အတွက်ကြောင့် ယခုလို လုပ်ဆောင်ခဲ့သည်ကို အကြောင်းအရင်း မသိရသေးပေ။

အထက်ပါ ကျောက်ဝပ်ပြင်းကျေးရွာနှင့် အောက်ဝပ် ကျင်းကျေးရွာများမှ ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦးက LLPDF တပ်ဖွဲ့ဝင်များက မတ်လ ၂ ရက်တွင် လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့သည်။

ထို့အပြင် တိုက်ခိုက်ခံရသည့်နေရာသို့ တပ်ကူလာသော ကားများကိုလည်း တော်လှန်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ၁ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး တပ်ပြန်ဆုတ်ပြေးရသည့်အခြေအနေသို့ ရောက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးသည်ကို LLPDF ရဲဘော်များက မျက်မြင်အတည်ပြုနိုင်သည့်အပြင် မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက် ခိုက်ခြင်းတို့တွင်လည်း ထိခိုက်သေဆုံးရှိနိုင်ကာ Vigo ကားတစ်စီးနှင့် MA3 တစ်လက် သိမ်းဆည်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။