Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင် ဖေဖေါ်ဝါရီလတိုက်ပွဲများတွင်ဗိုလ်အပါအဝင် စစ်ကောင်စီဘက်က ၇၀ ဦးခန့်သေဟုတပ်မဟာ(၅) ထုတ်ပြန်

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။

ရှေ့တန်းမှ KNLA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KNLA
ရှေ့တန်းမှ KNLA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KNLA

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေ အတွင်း၌ ဖေဖော်ဝါရီလတွင် တိုက်ပွဲပေါင်း ၁၇၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ဘက်မှ ၆၉ ဦးသေဆုံးခဲ့ကာ ၄၉ ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။

ထိုအပြင်ဖေ​ဖော်ဝါရီ ၂၅ ရက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့​ကြောင်းBPLA ကထုတ်ပြန်ထားသည်။

​ဖေ​ဖော်ဝါရီ ၂၅ ရက်တွင် KNLA ဦး​ဆောင်​သောတပ်ဖွဲ့များက စစ်​ကောင်စီတပ်နှင့်BGF စခန်းငယ်တစ်ခုကို သိမ်းပိုက်ပြီး​နောက်​သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်​ဆက်စပ်ပစ္စည်းအချို့။ ဓါတ်ပုံ-BPLA
​ဖေ​ဖော်ဝါရီ ၂၅ ရက်တွင် KNLA ဦး​ဆောင်​သောတပ်ဖွဲ့များက စစ်​ကောင်စီတပ်နှင့်BGF စခန်းငယ်တစ်ခုကို သိမ်းပိုက်ပြီး​နောက်​သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်​ဆက်စပ်ပစ္စည်းအချို့။ ဓါတ်ပုံ-BPLA

မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့​ကြောင်းBPLAကအသိ​ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သပ်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ​မောင်​ဆောင်းခက “ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က စကစနဲ့ BGF တို့ပူးတွဲနေထိုင်ကြတဲ့စခန်းကို အလစ်ဝင်တိုက်ကြတာဖြစ်ပါတယ်။ ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု People’s Spring သတင်းဌာနသို့​​ပြောခဲ့သည်။

တစ်လအတွင်းတိုက်ပွဲများတွင်တပ်မဟာ(၅)ဘက်ကလည်း စစ်သည် ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။

စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာနှင့် လုပ်ငန်းခွင်များသို့ တိုက်လေယာဉ်ဖြင့် ၇ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄၄လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်မှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး အသက်ဆုံးရှုံးခဲ့ရပြီးဒဏ်ရာရသူများလည်း ရှိသည်ဟု ​ဖော်ပြထားသည်။

ထို့အပြင် ပြည်သူလူထုနေအိမ် ၃၆လုံး ပျက်စီးခဲ့ရပြီး ကားတစ်စီး၊ ဆိုင်ကယ်၊ ဆန်စက် ၊ လယ်ထွန်စက်တို့လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။