Connect with us

Hi, what are you looking for?

ဗီဒီယို

က​လေးမြို့ ကိုးမိုင်ရဲစခန်းကို ​ဒေသခံကာကွယ်​ရေးတပ်များပူး​ပေါင်းတိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ငါးဦး​သေ

“ဝင်တိုက်တာ ဟုတ်တယ်။ အခုနေအများကြီးပြောလို့ မရသေးဘူး။ စစ်ခွေးတွေဘက်က ငါးယောက်သေတယ်။ ဒဏ်ရာရတာလည်း များတယ်” ဟု တိုက်ခိုက်မှုကို သိရှိနေသူတစ်ဦးကပြောသည်။

ယောနယ်၊ကဘော်ချိုင့်ဝှမ်းဒေသ နှင့်ကလေးဒေသ စစ်အာဏာရှင်တော်လှန်သူများ ပူးပေါင်းထားသည့် CDF(KKG) ၊PDF Zoland ၊ Civil Defense Mititia တို့က ပူး​ပေါင်း၍ကလေးမြို့ ကိုးမိုင်ရဲစခန်းကို ယနေ့နံနက်အစောပိုင်းက ဝင်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံးငါးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာခဲ့သည်။

“ဝင်တိုက်တာ ဟုတ်တယ်။ အခုနေအများကြီးပြောလို့ မရသေးဘူး။ စစ်ခွေးတွေဘက်က ငါးယောက်သေတယ်။ ဒဏ်ရာရတာလည်း များတယ်” ဟု တိုက်ခိုက်မှုကို သိရှိနေသူတစ်ဦးကပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့်
စစ်ကိုင်းတိုင်း က​လေးမြို့ အစပ်ရှိ ကိုးမိုင်ရဲစခန်း (ခိုင်ကမ်းနယ်မြေရဲစခန်း) ကို တိုက်ခိုက်ချိန်သည် အနည်းဆုံး ၁၅မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု ၎င်းကပြောသည်။ အဆိုပါ တိုက်ခိုက်မှုတွင်CDF(KKG) ၊ PDF Zoland နှင့်အတူ Civil Defense Mititia အဖွဲ့ပါ ပါဝင် တိုက်ခိုက်ခဲ့​ကြောင်း PDF Zoland အဖွဲ့ကထုတ်ပြန်သည်။

ယခုအခါ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အရှိန်အမြင့်ဆုံးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ် ဖြစ်ပြီး ဒေသချင်းထိစပ်နေသော မကွေးတိုင်းဒေသကြီး ယောနယ်၊ ကချင်ပြည်နယ် ဟူးကောင်းဒေသနှင့် ကလေးမြို့နယ်အခြေစိုက် PDFနှင့်ချင်းပြည်နယ်အ​ခြေစိုက် CDF အဖွဲ့များလည်း ပူပေါင်းတိုက်ခိုက်‌နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။