Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ထနောင်းတောတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
(ထနောင်းတောတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောတောင် ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး အနီးဝန်းကျင် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက် ဆီးနေမှုကြောင့် ထနောင်းတောရွာနှင့် အနီးဝန်းကျင်မှ ရွာပေါင်း ၁၀ ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

“ညောင်ပင်သာ အနောက်တည့်တည့်တာရိုးဘက်က တဲတိုက်တချို့ကို မီးရှို့နေတယ်။ စစ်ကြောင်း နှစ်ကြောင်းပါ။ ထနောင်းတာရွာဘက်ကမှာတစ်ကြောင်းပါ။ ထနောင်းတောရွာကပြည်သူတချို့လည်း ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။”ဟု မြေပြင်ကင်းထောက်အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ရဲ ၁၀ဦးခန့်သည် မုံရွာ-အမြင့်လမ်းပေါ်ရှိ စစ်ကောင်စီစခန်းနှင့် ဆေးရုံထိပ်တွင် တက်ပြီးစစ်နေ၍ ဒေသခံပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်းအား အသုံးမပြုကြရန် မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။