Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်သို့စစ်ကြောင်းထိုးလာ​သောစစ်တပ်ကို PDFတပ်​ပေါင်းစုတိုက်ခိုက်ရာအထိနာ၍ ပြန်ဆုတ်သွား

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(​ပေါက်မြို့နယ်မှ PDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-People's Spring)
(​ပေါက်မြို့နယ်မှ PDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-People's Spring)

▪︎စစ်တပ်မှ​သေဆုံးထိခိုက်မှုရှိသဖြင့် ရဟတ်ယာဥ်နှင့်ဖိုက်တာဂျက်အသုံးပြု​သော်လည်းPDFများထိခိုက်မှုမရှိ

ပေါက်မြို့နယ်အတွင်းစစ်​ကြောင်းထိုးလာ​၍ ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်​ရေးမဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ရာ အထိနာ၍စစ်ကြောင်း နောက်ပြန်ဆုတ်သွားကြောင်းပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာကို အင်အား၁၀၀ဖြင့် မတ်၁၄ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၅ ရက်(ယမန့်​နေ့)နေ့က မဟာမိတ်တပ်ပေါင်းစု ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ဝိုင်းဝန်းတိုက်ခိုက်ခံရ​သောစစ်တပ်စစ်​ကြောင်းသည် ယမန်​နေ့ညနေပိုင်းတွင် ၎င်းတို့ အထိုင်စခန်းကို ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်​ကြောင်းအနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)မှတာဝန်ရှိသူက​ရှင်းပြသည်။

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဒီဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ရောက်လာတာကို ကာကွယ်ရေးတပ်တွေက စုပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။သူတို့က ၇ ယောက်၈ယောက်လောက်ထိတယ်။ ဒါကြောင့် သူတို့ဘက် လေယာဉ်နဲ့ လာပစ်သွားတယ်”ဟု အနောက်ပိုင်းတပ်ရင်း ၇၀၃ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

ဒေသခံပြည်သူ့ကာကွ‌ယ်ရေးတပ်များ၏ တိုက်ခိုက်မှကြောင့်စစ်ကောင်စီစစ်ကြောင်းသည် သနပ်ပင်ဇင်းကျေးရွာမှ ၎င်းတို့အခြေစိုက်ရာ ပျူစောထီးကျေးရွာဖြစ်သည့် ကုက္ကိုလ်စုရွာကို မတ် ၁၅ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က နေ့လယ် ၁၂ နာရီခန့်က ရဟတ်ယာဉ်တစ်စီးဖြင့် ၇ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ၊ညပိုင်းတွင် ဖိုက်တာဂျက်​လေယာဥ်ဖြင့် ဗုံးကျဲ​သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းပါဝင်တိုက်ခိုက်​နေသည် ရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။