Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မတ္တရာနယ်ရှိ ဧရာဝတီမြစ်ဘေးကျေးရွာများတွင် တိုက်ပွဲဖြစ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မတ်လ ၁၅ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ကမ်းဘေးရှိကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည်။

(ဧရာဝတီမြစ်အနောက်ခြမ်း စစ်ကိုင်းတိုင်းဘက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ဧရာဝတီမြစ်အနောက်ခြမ်း စစ်ကိုင်းတိုင်းဘက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

ဧရာဝတီမြစ် တစ်ဖက်စီတွင်ရှိသော စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်နှင့် ​မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၁၅ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ကမ်းဘေးရှိကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါစစ်ကြောင်းများသည် ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း ပြုလုပ်ပြီး ဒေသတွင်း PDFများနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၁၆ ရက်)တွင် မတ္တရာနယ်နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ်၊ အုန်းသဇင်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်လာကာဒေသတွင်း PDFများနှင့် ထပ်မံထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း Doung Ni Defence Force-Wetlet အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပါ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိကြောင်း ၎င်းအဖွဲ့က ဆိုသည်။

“ခုလည်းဆက်ဖြစ်နေတာမို့ အသေးစိတ်တော့ပြောလို့မရသေးလို့ပါ။ ဒီမနက်လည်း လက်နက် ကြီး ဒရုန်းတွေနဲ့ဆက်တိုက်ထိုးစစ်ဆင်ခံနေရတာပါ။ မတ္တရာ၊စစ်ကိုင်း၊ ဝက်လက်နယ် အစပ်ပါ။ မတ္တရာမြို့နယ်ဘက်ကနေ ထိုးလာတဲ့စစ်ကြောင်းပါ။”ဟု Doung Ni Defence Force-Wetlet အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မင်းကွန်းတိုက်နယ်မြောက်ခြမ်း ဧရာဝတီမြစ်ဘေးတလျှောက် ကျေးရွာများရှိ ပြည်သူ များလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“အကုန်လုံးထွက်ပြေးနေရတယ်။ တချို့က ကိုင်းတောတွေထဲ၊ တချို့ကတောင်ရိုးတွေထဲ ပြေးပုန်းနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသတွင်း PDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အနောက်ခြမ်း တောပုရွာရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီး တပ်ဆင်ပြီး မြစ်အနောက်ခြမ်းရှိ ဝက်လက်မြို့နယ်ဘက်သို့ လက်နက် ကြီးဖြင့် ၁၀ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ် နေကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။