Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – လောင်းလုံးလမ်းတွင် စစ်ကောင်စီတပ် ကင်းပုန်းအများအပြားချထား

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်သားများက အင်အားအများအပြားဖြင့် လိုက်လံဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်သားများက အင်အားအများအပြားဖြင့် လိုက်လံဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)

▪️ပြည်သူ ၁၅ဦးခန့်အားဖမ်းဆီးပြီး ထားဝယ်သို့ ခေါ်သွား

တနင်္သာတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် စစ်ကောင်စီတပ်က ကုန်းကြောင်းရော ရေကြောင်းပါအသုံးပြုပြီး လုံခြုံရေးတင်းကြပ် ထားကာ ကင်းပုန်းများ အများအပြားချထားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

“ထားဝယ်-ကမြောကင်းတံတား ထားဝယ်မြစ်ထဲရေ ကြောင်း၊ ကုန်းကြောင်းပါ ကင်းပတ်နေတယ် ခင်ဗျားအခု”ဟု LLPDF မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ထားဝယ်-ကမြောကင်းတံတားအား ဖွင့်ပွဲပြုလုပ်ရန် ပြင်ဆင်နေကာ လုံခြုံရေးတင်းကြပ်ထားပြီး လောင်းလုံးမြို့နယ်အတွင်းမှ ညောပြင်၊ အောက်ကျောက်ဝပ်နှင့် ကျေးရွာအချို့ကို ဝင်မွှေလုယက်ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ ၁၅ဦးခန့်အား ထားဝယ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့တော့(ဖမ်းခံရသူ)မရှိသေးဘူး ခင်ဗျ။ ပြီးခဲ့သော နေ့တွေကတော့ လောင်းလုံးမြို့နယ် ကျေးရွာများစုကနေ ဖမ်းထားတဲ့ ပြည်သူတွေရှိတယ် ခင်ဗျား။ ၁၅ ဦးရေလောက်တော့ ရှိမယ်။ ထားဝယ် ကို လှေနဲ့တင်ပြီး ဖမ်းခေါ်သွားတယ်”ဟု LLPDF တာဝန်ရှိသူက ဆိုသည်။

လက်ရှိအခြေအနေသည် စစ်ရေးအရသတိထားစောင့်ကြည့်နေရသည့်အနေအထားဖြစ်ပြီး ပြည်သူများအနေဖြင့် ထားဝယ်-လောင်းလုံးလမ်းပိုင်းအားအသုံးပြု၍ ခရီးသွားလာကြမည်ဆိုလျှင် စစ်ရေးသတင်းများအား အထူးနားစွင့်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်မှ ညောပြင်နှင့် အောက်ကျောက်ဝပ်ကျေးရွာများအား မတ် ၂၁ ရက်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅၀ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။