Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်က မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးနေဟု ကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် သံန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။

(အ​မေရိကန်က ဒဏ်ခပ်ပိတ်ဆို့ရာတွင်ပါဝင်​သော ထွန်းမင်းလတ်(အဝါ​ရောင်နက်တိုင်ဝတ်ထားသူ) ကို အာဏာသိမ်း​ခေါင်း​ဆောင်နှင့်အတူ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ ၊ဘန်​ကောက်ရှိလက်နက်ပြပွဲတစ်ခုတွင်​တွေ့ခဲရစဥ်။ ဓါတ်ပုံ- Thai PBS)
(အ​မေရိကန်က ဒဏ်ခပ်ပိတ်ဆို့ရာတွင်ပါဝင်​သော ထွန်းမင်းလတ်(အဝါ​ရောင်နက်တိုင်ဝတ်ထားသူ) ကို အာဏာသိမ်း​ခေါင်း​ဆောင်နှင့်အတူ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ ၊ဘန်​ကောက်ရှိလက်နက်ပြပွဲတစ်ခုတွင်​တွေ့ခဲရစဥ်။ ဓါတ်ပုံ- Thai PBS)

▪︎အာဏာရှင်အဖွဲ့အစည်းကို အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေး

စစ်အာဏာရှင်အဖွဲ့အစည်းသည် မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးနေပြီး စစ်အာဏာရှင်အဖွဲ့အစည်းက အသုံးပြုသော အရင်းအမြစ်များကို ဖြတ်တောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ကြေညာသည်။

အမေရိကန်အစိိုးရသည် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုများအတွက် လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

“မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်သည်။

အမေရိကန်၏ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုတွင် မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းပေးနေသူ ထွန်းမင်းလတ်၊ ၎င်း၏ ဇနီး ဝင်းမင်းစိုး နှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုတို့ကို အရေးယူသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အရေးယူဆောင်ရွက်မှုများသည် အမေရိကန်၏ မိတ်ဖက်များဖြစ်သည့် ကနေဒါ၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂတို့၏ အရေးယူမှုများအတိုင်း ထပ်တူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် သံန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။

ထို့အပြင် ယမန်နေ့တွင်ကြေညာခဲ့သော ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ “မြန်မာ့လေယာဉ်လောင်စာဆီနှင့်စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသတိပေးချက်”ကို အမေရိကန်က ထုတ်ပြန်ခဲ့သည်။

ယင်းသတိပေးချက််မှာ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံ လေယာဉ်လောင်စာဆီထောက်ပံ့ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်နေသည့် ဒဏ်ခတ်ပိတ်ဆို့ခံရနိုင်ခြေများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းများ၊​ စီးပွားရေးလုပ်ငန်းများနှင့် အခြားသူများကို သတင်းအချက်အလက်များပေးရန် သတိပေးထားခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေး၏ ကာကွယ်ရေးကဏ္ဍတွင် လည်ပတ်လုပ်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်သော လုပ်ဆောင်မှု သို့မဟုတ် ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခြင်းများတွင် တိုင်ရိိုက်ဖြစ်စေ၊သွယ်ဝိုက်ဖြစ်စေ ပါဝင်ခြင်း သို့မဟုတ်

ကြံရာပါဖြစ်မှုအတွက် တာ၀န်ရှိခြင်း၊ အမေရိကန်၏ E.O 14014 အရ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို ပိတ်ပင်ခံထားရသော စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုယ်စား သို့မဟုတ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဖြစ်စေ ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းတို့ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC)က ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အသက် ၅၅ နှစ်အရွယ် ​တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။