Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံ ပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော
နိုင်ငံ ပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော

နယ်စပ်ကနေ နက်နက်ရှိုင်းရှိုင်း နယ်ကျော် ဝင်ရောက်လာတဲ့ ယူကရိန်း ဒရုန်း တစ်စီးကို ပစ်ချခဲ့ကြောင်း ရုရှားက ကြေညာပါတယ်။

မတ် ၂၆ ရက်က ယူကရိန်း နယ်စပ်ကနေ ကီလိုမီတာ ၄၀၀ လောက် အကွာဝင် ရောက်ရှိလာတဲ့ ယူကရိန်း ဒရုန်း တစ်စီးကို လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီ ဒရုန်း ပျက်ကျခဲ့တာကြောင့် ကီရီယက်ဗစ်ခ် မြို့ထဲမှာရှိတဲ့ လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ရုရှား အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ယူကရိန်းဟာ အရင်တုန်းက ရုရှား မြို့ပြတွေနဲ့ အရပ်ဖက် ဧရိယာတွေကို ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ယူကရိန်းက ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တစ်ဖက်မှာလည်း ရုရှားဟာ ယူကရိန်းက မြို့ပြတွေကို ဒရုန်းတွေ ရာပေါင်းများစွာ စေလွှတ်ပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်းဟာ အရပ်ဖက် ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တူလာ ဒေသမှာ S-300၊ Pantsir-S1 လေကြောင်း ကာကွယ်ရေး စနစ်တွေအပြင် Pole-21 အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေပါ ဖြန့်ကျက်ထားတဲ့အတွက် လေကြောင်းက ခြိမ်းခြောက်မှုတွေကို လုံလုံလောက်လောက် ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ရုရှားက ကြွေးကြော်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

Facebook