Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံ ပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော
နိုင်ငံ ပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့တယ်လို့ ရုရှားပြော

နယ်စပ်ကနေ နက်နက်ရှိုင်းရှိုင်း နယ်ကျော် ဝင်ရောက်လာတဲ့ ယူကရိန်း ဒရုန်း တစ်စီးကို ပစ်ချခဲ့ကြောင်း ရုရှားက ကြေညာပါတယ်။

မတ် ၂၆ ရက်က ယူကရိန်း နယ်စပ်ကနေ ကီလိုမီတာ ၄၀၀ လောက် အကွာဝင် ရောက်ရှိလာတဲ့ ယူကရိန်း ဒရုန်း တစ်စီးကို လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီ ဒရုန်း ပျက်ကျခဲ့တာကြောင့် ကီရီယက်ဗစ်ခ် မြို့ထဲမှာရှိတဲ့ လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ရုရှား အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ယူကရိန်းဟာ အရင်တုန်းက ရုရှား မြို့ပြတွေနဲ့ အရပ်ဖက် ဧရိယာတွေကို ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ယူကရိန်းက ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တစ်ဖက်မှာလည်း ရုရှားဟာ ယူကရိန်းက မြို့ပြတွေကို ဒရုန်းတွေ ရာပေါင်းများစွာ စေလွှတ်ပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်းဟာ အရပ်ဖက် ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တူလာ ဒေသမှာ S-300၊ Pantsir-S1 လေကြောင်း ကာကွယ်ရေး စနစ်တွေအပြင် Pole-21 အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေပါ ဖြန့်ကျက်ထားတဲ့အတွက် လေကြောင်းက ခြိမ်းခြောက်မှုတွေကို လုံလုံလောက်လောက် ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ရုရှားက ကြွေးကြော်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။