Connect with us

Hi, what are you looking for?

သတင်း

လိပ်သိုရှိ စစ်ကောင်စီစခန်းနှစ်ခုကို ဒုတိယအကြိမ်ဝင်တိုက်

အဆိုပါတိုက်ခိုက်မှုအတွင်း ကျောက်လုံးကြီးစခန်းရှိ စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားအချို့သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၂)သတင်းရင်းမြစ်ထံမှ သိရသည်။

လိပ်သိုရှိ စစ်ကောင်စီစခန်းနှစ်ခုကို ဒုတိယအကြိမ်ဝင်တိုက်
လိပ်သိုရှိ စစ်ကောင်စီစခန်းနှစ်ခုကို ဒုတိယအကြိမ်ဝင်တိုက်

ကရင်ပြည်နယ် လိပ်သိုမြို့နယ်အတွင်းရှိ စစ်တပ်စခန်းနှစ်ခုကို ယနေ့နံနက်ပိုင်းက KNLA တပ်မဟာ(၂) ပူးပေါင်းတပ်ဖွဲ့များက ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် တပ်သားအချို့ သေဆုံးခဲ့သည်ဟု တပ်မဟာ(၂)သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ မတ်လ(၂၈)ရက် နံနက်(၁၀)နာရီအချိန်ခန့်၌ ကေအဲန်ယူ တောအူး(တောင်ငူ)ခရိုင် လိပ်သိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သံမိုးတောင်စခန်းနှင့် ကျောက်လုံးကြီးစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂) တပ်ရင်း(၅) ပူးပေါင်းအဖွဲ့များက ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကျောက်လုံးကြီးစခန်းရှိ စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားအချို့သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၂)သတင်းရင်းမြစ်ထံမှ သိရသည်။

မတ်လ(၂၇)ရက်ကလည်း လိပ်သိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သံမိုးတောင်၊ ကျောက်လုံးကြီး၊ ထုံးဘိုကြီးနှင့် ဗဟုန်းတပ်စခန်းများကို KNLA တပ်ရင်း(၅)ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လေယာဉ်များနှင့် ပြန်ပစ်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။