Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀​ကျော်သေဟု ခန့်မှန်း

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။စံ​​ကျေးရွာသည် ​ဆောမြို့နှင့် ၃၅​ မိုင်ကျော်ကွာ​ဝေးသည်။

(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသောစစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)
(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသောစစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)

အလောင်းများကို စစ်ဘေးရှောင်စခန်းတဲများအတွင်းထည့်ကာ မီးရှို့ဟု ဒေသခံပြော

မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာအနီးတွင် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ ​ကျော် သေဆုံးခဲ့ကြောင်း ဆောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူသုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။စံ​​ကျေးရွာသည် ​ဆောမြို့နှင့် ၃၅​ မိုင်ကျော်ကွာ​ဝေးသည်။

“စကစတွေရဲ့ အလောင်းကို စစ်ဘေးရှောင်စခန်းမှ တဲများအတွင်းထည့်ကာ မီးရှို့နေကြကြောင်း သတင်းရ။ ဘယ်လောက်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ ၃၀ကျော်လို့ ကြားနေရ”ဟု ဆောဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်လာ၍ လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဟု ဆိုသည်။

အဆိုပါ ဒေသသည် ဆောနယ်အနောက်မြောက်ပိုင်း ချင်းပြည်နယ်အစပ်၌ တည်ရှိပြီး စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။