Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀​ကျော်သေဟု ခန့်မှန်း

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။စံ​​ကျေးရွာသည် ​ဆောမြို့နှင့် ၃၅​ မိုင်ကျော်ကွာ​ဝေးသည်။

(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသောစစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)
(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသောစစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)

အလောင်းများကို စစ်ဘေးရှောင်စခန်းတဲများအတွင်းထည့်ကာ မီးရှို့ဟု ဒေသခံပြော

မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာအနီးတွင် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ ​ကျော် သေဆုံးခဲ့ကြောင်း ဆောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူသုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။စံ​​ကျေးရွာသည် ​ဆောမြို့နှင့် ၃၅​ မိုင်ကျော်ကွာ​ဝေးသည်။

“စကစတွေရဲ့ အလောင်းကို စစ်ဘေးရှောင်စခန်းမှ တဲများအတွင်းထည့်ကာ မီးရှို့နေကြကြောင်း သတင်းရ။ ဘယ်လောက်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ ၃၀ကျော်လို့ ကြားနေရ”ဟု ဆောဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်လာ၍ လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဟု ဆိုသည်။

အဆိုပါ ဒေသသည် ဆောနယ်အနောက်မြောက်ပိုင်း ချင်းပြည်နယ်အစပ်၌ တည်ရှိပြီး စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။