Connect with us

Hi, what are you looking for?

သတင်း

ရေစကြို(ပကဖ) တပ်ခွဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ငါးဦးကျဆုံး

ယမန်နေ့ကပင် ရေစကြိုနယ်နှင့်အနီးရှိ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ် – ၃စခန်းအား စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးအပါအဝင် သုံးဦးကျဆုံးခဲ့သည်။

(တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်များအား မီးသင်္ဂြိုလ်နေစဥ်။ ဓာတ်ပုံ-ရေစကြို (ပကဖ))
(တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်များအား မီးသင်္ဂြိုလ်နေစဥ်။ ဓာတ်ပုံ-ရေစကြို (ပကဖ))

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တပ်ခွဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ငါးဦးကျဆုံးကာ သေနတ် သုံးလတ် သိမ်းဆည်းခံခဲ့ရကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (မတ်လ၃၀ရက်)က ရေစကြိုမြို့ပေါ်မှ အင်အား ၄၀ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်များအား ညောင်စောင့်နှင့်သမန္တပို့ကျေးရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သားများဒဏ်ရာအများအပြားရရှိသွားပြီး မြို့ပေါ်မှ အင်အားပြန်လည်ဖြည့်တင်းကာ အင်အား၇၀ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့ကြောင်း ရေစကြို (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ မတ်လ၃၁ရက်) နံနက် ၄နာရီခွဲခန့်တွင် ရေစကြို(ပကဖ) တပ်ခွဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ အနီးကပ်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ရေစကြို(ပကဖ)အဖွဲ့မှ ရဲဘော် လေးဦးနှင့် YLK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် တစ်ဦး စုစုပေါင်း ငါးဦးကျဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ရေစကြို(ပကဖ) ရဲဘော်တစ်ဦး၊ Shwe Lal Kyun (LPDF)မှ ရဲဘော်တစ်ဦးနှင့် အညာသားပြောက်ကျားတပ်ဖွဲ့(YSO)မှ ရဲဘော်တစ်ဦး စုစုပေါင်း သုံးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ရဲဘော်တွေရှိတဲ့ ခွဲစခန်းကိုဝိုင်းပြီးတော့ တိုက်ခိုက်တဲ့အချိန်မှာ အနီးကပ်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်။ သူတို့ဘက်ကလည်းဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က အကျအဆုံးပိုများသွားတာပေါ့။”ဟု ရေစကြို(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် Shwe Lal Kyun (LPDF)မှ AK တစ်လတ်၊ YLKပြောက်ကြားတပ်ဖွဲ့မှ M4 တစ်လတ် အညာသားပြောက်ကျားတပ်ဖွဲ့မှ AK တစ်လတ်တို့ ဆုံးရှုံးခဲ့ကြောင်း ပကဖက အသိပေးသည်။

ယမန်နေ့ကပင် ရေစကြိုနယ်နှင့်အနီးရှိ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ် – ၃စခန်းအား စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးအပါအဝင် သုံးဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။