Connect with us

Hi, what are you looking for?

သတင်း

ကျောက်လုံးကြီးတပ်မဟာဖွဲ့စည်းသည့် (၂)နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် ရှင်းလင်းနိုင်ခဲ့ဟု အသိပေး

KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၂ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခု ဧပြီ ၂ရက်တွင် ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

((၂)နှစ်ပြည့်အခမ်းအနားတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - KLG PDF)
((၂)နှစ်ပြည့်အခမ်းအနားတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - KLG PDF)

စစ်ကိုင်းတိုင်း ကနီမြို့နယ်အ‌ခြေစိုက် KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းသည့် (၂)နှစ်အတွင်း မဟာမိတ်များနှင့်အတူ ဖော်‌ဆောင်ခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် ရှင်းလင်းနိုင်ခဲ့ကြောင်း KLG PDF က အသိပေး ထုတ်ပြန်သည်။

KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၂ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခု ဧပြီ ၂ရက်တွင် ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

((၂)နှစ်ပြည့်အခမ်းအနားတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - KLG PDF)
((၂)နှစ်ပြည့်အခမ်းအနားတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်နေစဥ်။ ဓာတ်ပုံ – KLG PDF)

(၂)နှစ်တာကာလအတွင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်များနှင့်အတူတိုက်ပွဲဝင်ခဲ့ရာ စစ်ကောင်စီအရာရှိအချို့အပါအဝင် ၃၀၀ကျော် ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြောင်း KLG PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်း KLG PDF ရဲဘော် ၂၀ကျဆုံးခဲ့ရကြောင်းလည်း အသိပေးထားသည်။

” စဖွဲ့စည်းချိန်က ၃၅ယောက်နဲ့ စခဲ့တာ။ အခုဆိုရင် NUG MODအသိအမှတ်ပြုတပ်ရင်း သုံးရင်းအပြင် ရဲဘော်အင်အား ၁၀၀၀ကျော်ရှိနေပြီ။ ပြည်သူတွေ အကြောက်တရားကုန်ဆုံးတဲ့အထိ တိုက်ပွဲဝင်သွားဖို့ ကျွန်တော်တို့က လေးနက်စွာဂတိပြုပါတယ်”ဟု KLG PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

KLG PDF အနေဖြင့် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများ၏ မိသားစုများအား ပြည်သူလူထု၏ အလှူငွေဖြင့် နည်းမျိုးစုံကြိုးစားထောက်ပံ့နေသည်ဟု အသိပေးထားသည်။

KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကို ကနီမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ရာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

စစ်အာဏာရှင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ရန် မိဘပြည်သူများအနေဖြင့် တတ်အားသ၍ ဝိုင်းဝန်းကူညီထောက်ပံ့ကြရန်လည်း KLG PDF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။